"ဒီတော့ကွာ...ကိုယ်က သားအငယ်ဆုံးဆိုတော့ ဘကြီးကသိပ်ချစ်တယ်လေ...အဲ့တာနဲ့ သူ့ရဲ့ လယ်ဆယ်ဧကနဲ့ ဆန်စက်ဆီစက်အားလုံးကို ကိုယ့်ကိုအပိုင်ပေးတာပေါ့ကွာ..."ကြားဖူးနေသော စကားသံဝဲဝဲကြောင့်
LuHannie မိမိထိုင်မည့်ခုံ၏ နောက်ကို လည်ပြန်ကာကြည့်လိုက်မိသည်။ပထမဆုံး ထိုစားပွဲဝိုင်း၏ရာဇဝင်ကိုသိတာမို့
နှာခေါင်းရှုံ့လိုက်မိသည်။မကြာမီ ပြသနာတစ်ခုစလာတော့မည်မှာသေချာသည်။
အရိပ်ကောင်းတဲ့ တမာပင်ကြီးအောက်ရှိ
သစ်လုံးစားပွဲဝိုင်းလေးတွင် ကောင်မလေးသုံးယောက်နှင့် ကောင်လေးတစ်ယောက်တို့ထိုင်နေကြသည်။"ဒါတောင်နော်...အဲ့တာ အကုန်မဟုတ်သေးဘူးဗျ...ကိုယ်လိုအပ်တာလေးတွေသုံးဖို့ဘဲပေးထားတာ... "
ထိုစားပွဲဝိုင်းရှိ မိန်းကလေးသုံးယောက်၏အာရုံကိုဖမ်းချုပ်ထားသည့် စောင်ကြီးစောင်ကျယ်စကားပြောနေသော ကောင်လေးကား
တောသူဌေးလေး Kim Kai...ဆိုးလ်ကမဟုတ်တော့ သူ့လေသံကနည်းနည်းကွဲသည်။ ဝတ်ပုံစားပုံကလည်း တော်တော်ကွဲသည်။ တောသားမြို့တက်ဒီဇိုင်းဖြင့်
လွန်လွန်ကျူးကျူးဝတ်တတ်သည်။
လည်ပင်းတွင်လည်း ရွှေဆွဲကြိုးကြီးက ငါးကျပ်သားလောက်ရှိမည်။ လက်ငါးချောင်းတွင်လည်း ရွှေလက်စွပ်တွေကအပြည့်။ စကားပြောရင်လည်း သူ့တောက ပိုင်ဆိုင်မှုကမပါမဖြစ်ပြောတတ်သေးသည်။ ရုပ်ကလေးက ကြည့်ဖြစ်ရှုဖြစ်တော့ တစ်ချို့မိန်းကလေးတွေက ကပ်ဖားလျက်ဖားနဲ့ ဝန်းရံကြသည်။Kim Kai ကတော့ LuHanie တို့ မေဂျာကမဟုတ်တာမို့ LuHannie နဲ့ခင်မင်ရင်းနှီးခြင်းမရှိ။သို့သော် ထူးခြားမှုလေးတစ်ခုရှိရုံနဲ့ပင် လူအများပါးစပ်ဖျားရေပန်းစားတတ်သော Uniတို့
ထုံးစံအတိုင်း LuHannie သူ့အကြောင်းတွေကိုသိနေခြင်းဖြစ်သည်။
YOU ARE READING
Candy
RomanceOh Sehun ♡ LuHan " Hannie ရေ.....ဝက်ပေါက်စရေ.... မင်းကငါ့အပိုင်နော်"