Part-10

8.6K 854 93
                                    

နံနက်​ခင်းအိပ်​ယာထချိန်​သည်
အကျင့်​​ကြောင့်​ အချိန်​မှန်​ဖြစ်​​နေ​သော်​လည်း
Sehun အိပ်​ယာ​ပေါ်မှမထ​သေးဘဲ
မိမိဘက်​ကိုလှည့်​ကာမျက်​နှာချင်းဆိုင်​အိပ်​​ပျော်​​နေဆဲ Luhannie ကိုသာတစိမ့်​စိမ့်​ကြည့်​​နေမိသည်​။

အိပ်​​ရေးဝပုံရ​သောမျက်​နှာ​လေးက
ဖောင်းအစ်​ပြီးမျက်​​တောင်​ရှည်​​လေး​တွေက
ကော့ပြန်​​နေ​ရောဘဲ......
ဒီ​လောက်​ရှည်​လျားတဲ့မျက်​​တောင်​​တွေ
သူ့မျက်​ဝန်းထဲပြန်​မစိုက်​ဖူးလားဟု​တွေးမိပြီး
ကပ်​​ကြေးနဲ့ညှပ်​ပစ်​ရင်​​ကောင်းမလားစဉ်းစားမိလိုက်​​သေးသည်​။ ​တော်​ကြာ...မျက်​လုံးထဲမျက်​​တောင်​စိုက်​ပြီး သူ့ဝက်​ပုတ်​​လေး
မျက်​ကြည်​လွှာ​တွေဘာ​တွေထိခိုက်​သွားရင်​မခက်​ဖူးလား?

သို့​သော်​ ထိုမျက်​​တောင်​​လေးများကို
ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ကာ​မော့ကြည့်​တတ်​​သော
မျက်​လုံးဝိုင်းဝိုင်းများကိုသတိရမိလိုက်​​တော့
အလှ​လေးတစ်​ခုကိုမဖျက်​ပစ်​ရက်​။

ပါး​ဖောင်း​ဖောင်းတစ်​ဖက်​ကိုဖိလျက်အိပ်​​နေတာမို့
ချွန်​ထွက်​​နေ​သောနှူတ်​ခမ်းပိစိနီ​စွေး​စွေး​လေးက
အသည်းယားစရာအတိ.......။

အိပ်​ယာဝင်​စက​ သူ့ကို​ကျော​ပေးထား​သော်​လည်း အိပ်​လည်း​ပျော်​သွား​ရော Sehun ကို သူ့ကျားရုပ်​Tiger အမှတ်​နှင့်​ခွလိုက်​ဖက်​လိုက်​ဖြင့်​။သူ့ အကျင့်​က ​Tiger ၏ လက်​တံရှည်​များကို သူ့ကိုယ်​​ပေါ်ဆွဲယူကာ လူတစ်​​ယောက်​ကဲ့သို့ဖက်​အိပ်​ပုံ​ပေါ်သည်​။ ညကလည်း ​Sehun ၏လက်​ကိုဆွဲပြီး သူ့ကိုယ်​​​ပေါ်တင်​ထားသည်​မှာအလွှတ်​ကိုမခံ။

အစက​တော့ Sehun ​ကြောင်​သွား​သေးသည်​။
သို့​သော်​ ​ထွေ​ထွေထူးထူးစဉ်းစား​မ​နေဖြစ်​။
ဒါမျိုးက Oh Sehun တို့အကြိုက်​မလား။
သူ့ Tiger  ထက်​ ပိုစွမ်း​သောကျားဖြစ်​​ကြောင်း
တစ်​ကိုယ်​လုံးကို သိမ်းကျုံးညှစ်​ဖက်​ရင်းအိပ်​စက်​​တော့သည်​။

နိုးလာလာချင်း ဖက်​ထားသည်​မှ ရုန်းထွက်​ကာ
ရေချိုးခန်းထဲ​ပြေးဝင်​သည်​။
နံနက်​ခင်းလက်​​ဆောင်​အ​နေနှင့်​သူ့ကို မျက်​​စောင်းတစ်​ချက်​အဆစ်​​ပေးသွား​သေးသည်​။

Candy Where stories live. Discover now