Part-7

7.6K 888 151
                                    

Sehun အတန်းထဲတွင်​ ဂနာမငြိမ်​ဖြစ်​​နေမိသည်​။
မကြာခင်​ အတန်းစ​တော့မည်​ LuHannie အခုထိ​ရောက်​မလာ​သေး။
မ​နေ့ညကအိမ်​မှာနှုတ်​ခမ်း​ပေါက်​ပြီးငိုကာပြန်​သွားသည်​မို့တစ်​ညလုံးလည်းစိတ်​ပူ​နေရသည်​။

ထိုင်​လိုက်​ထလိုက်
အ​ပေါက်​ကို​မျှော်​လိုက်​ဖြစ်​​နေ​သောSehun ကိုသူငယ်​ချင်း​တွေကစ​နောက်​​နေကြသည်​ကိုလည်းအာရုံမရ။

အတန်းတာဝန်​ကျဆရာမကဝင်​လာ​လေပြီ။
Luhannie ​ကျောင်းမတက်​တာလားဟု​တွေး​မိစဉ်​ အခန်း၏အ​နောက်​တံခါးကိုဖြတ်​​လျှောက်​သွား​သောLuhannie ကိုမြင်​လိုက်​သည်​။

အခန်းသည်​ ထွက်​​ပေါက်​တံခါးနှစ်​ခုရှိရာ
တစ်​ခုက အတန်း၏ ​​ရှေ့နားဖြစ်​ပြီး
တစ်​ခုက​နောက်​ဆုံးတန်းနားမှာမို့
နောက်​ဆုံးတန်းမှာထိုင်​​နေ​သောSehun က သူ
နောက်​တံခါးကိုဖြတ်​သွားခြင်း​ကိုမြင်​လိုက်​သည်​။
Luhannie ​ရှေ့တံခါးဝမှ အခန်းထဲဝင်​မလာခင်
သူကဦး​အောင်​ ​အ​နောက်​တံခါးက​နေ​ပြေးထွက်​ကာ အခန်းထဲဝင်​​တော့မည့်​luhannie ကိုဆွဲ​ခေါ်လာလိုက်​သည်​။

အတန်းချိန်​ဖြစ်​တာ​ကြောင့်​ ​ကျောင်းပြင်​ဧရိယာမှာလူနည်း​နေသည်​။
လက်​ကိုတင်းတင်းဆုပ်​ကိုင်​ပြီးမြန်​မြန်​ဆွဲ​ခေါ်လာတာမို့ LuHannie ခမျာ တရွတ်​တိုက်​နီးပါး သူ့​နောက်​ပါလာရသည်​။

ကျောင်းရဲ့ ကန်​တင်းသို့​ရောက်​​တော့
သူတို့ထိုင်​​နေကြစားပွဲတွင်​ဝင်​ထိုင်​လိုက်​​တော့မှ
Luhannie ကသူကိုင်​ထား​သောလွှတ်​ပြီး
ြ​ဗုန်းခနဲရုန်းကာ

"ဘယ်​လိုဖြစ်​​နေတာတုန်း!!! "

မတ်​တပ်​ပြန်​ထ​သောသူ့ကို Sehunက လက်​က​နေပြန်​ဆွဲချပြန်​သည်​။
Luhannie သူ့ကိုကြည့်​ကာ စိတ်​တိုတိုနှင့်​ကုန်း​အော်​လိုက်​သည်​။

"ဆရာမလာပြီဟ!!!မင်း​မေကြီး​တော်​မို့ ဆွဲထားတာလား??? "

ကန်​တင်းတွင်​​ကျောင်းသားမရှိ​သော်​လည်း
ဆိုင်​ရှင်​အန်​တီကြီးက​တော့အလန့်​တကြားလှမ်းကြည့်​လာသည်​။
Luhannie ပါးစပ်​နဲ့အပြည့်​ကုန်း​အော်​လိုက်​​တော့
ပေါက်​​နေ​သောနှုတ်​ခမ်းက တင်းသွားပြီး ဆွဲဖြဲလိုက်​သလိုဖြစ်​ကာ နာ​တော့သည်​။

Candy Where stories live. Discover now