LuHannie အချိန်ဆယ့်ငါးမိနစ်ကြာ သည်းခံထိုင်စောင့်ပြီးတဲ့နောက် Hotel Restaurant မှထထွက်လာခဲ့တော့သည်။လွန်လွန်းပါသည်။နှစ်ယောက်အတူ ထိုင်စားနေကြတုန်း ဘယ်ကမှန်းမသိသည့် Oh Sehun ရဲ့သူငယ်ချင်းမတွေနဲ့လာဆုံသည်။Sehunနှင့် သိလျှင် LuHannieနှင့်လည်းအသိတွေဖြစ်နေမှာမှန်သော်လည်း Sehun လောက်တော့မရင်းနှီး။Sehun က အပေါင်းအသင်းပေါသလောက် LuHannie ကပေါင်းသင်းဆက်ဆံရေးညံ့သည့်အချက်အပြင် Sehun နှင့်အလွန် အရောဝင်သောမိန်းကလေးများဆိုလျှင် LuHannie က အလိုလိုနေရင်းကြည့်မရတော့တာကြောင့်ပင်။ ငယ်ငယ်ကတော့ ဒါကဖြူစင်သောသဝန်တိုခြင်းပေါ့။Sehun က သူနဲ့ဘဲမပေါင်းလို့လေ။အခုချိန်မှာတော့ အရောင်တွေပါလာသောသဝန်တိုခြင်းဖြစ်လာခဲ့ပြီ။ Sehun လက်မောင်းကိုဆွဲပြီးတွဲဖက်လျက်ခေါ်သွားသောမိန်းကလေးကို သူ လုံးဝကြည့်မရပါလေ။အခုလည်း သူတို့သူငယ်ချင်းအုပ်စုလိုက်လာတာဘာညာနှင့် Sehun ကို လိုက်နှုတ်ဆက်ဖို့ စားပွဲဝိုင်းမှဆွဲခေါ်သွားသည်မှာ တော်တော်နှင့်ပြန်မရောက်လာနိုင်တာကြောင့် LuHannie ထွက်လာခဲ့ခြင်းဖြစ်သည်။
LuHannie တစ်ယောက် ဘောက်ဆတ်ဆတ်နဲ့လျှောက်လာရင်း ဘန်ဂလိုရှိရာဆီမပြန်မှီ
Swimming pool party နှင့်တိုးလေသည်။
မြိုင်နေသောသီချင်းသံတွေကြား လှုပ်ရွနေသော ယောက်ျားမိန်းမဆိုဒ်စုံရွယ်စုံတို့သည် ပါတီထဲတွင် ပျော်မြူးနေကြသည်။LuHannie လည်း ဘန်ဂလိုရှိရာဆီဦးတည်မည့်ခြေလှမ်းများကို pool ဘက်ထွက်လိုက်ကာ ညစ်နေသောစိတ်များကိုဖျောက်ပစ်ဖို့ကြံရွယ်လိုက်တော့သည်။မိမိနှင့်အတော် ရင်းနှီးခဲ့ဖူးသောအုပ်စုဖြစ်တာမို့
Sehunမှာ LuHannieကို စိတ်မချသော်လည်း
ထိုအဖွဲ့နဲ့ အတူစကားထိုင်ပြောဖြစ်လိုက်တာ မိနစ်နှစ်ဆယ်လောက်ကြာသွားသည်။စကားပြောကောင်းနေရင်းမှ LuHannie ထိုင်နေသောဝိုင်းသို့တစ်ချက်လှမ်းအကဲခတ်ကြည့်တော့ LuHannie မရှိတော့။ တကယ်ဆို သူတို့ဆိုင်ထဲရောက်လာတာလည်း ဘယ်လောက်မှရှိသေးတာမဟုတ်တာမို့ စားပြီးလို့ပြန်သွားနှင့်တာလည်း ဟုတ်မှာမဟုတ်။
YOU ARE READING
Candy
RomanceOh Sehun ♡ LuHan " Hannie ရေ.....ဝက်ပေါက်စရေ.... မင်းကငါ့အပိုင်နော်"