Kim Kai တို့ တောရွာမှာဖြစ်သည်။
နောက်နှစ်ရက်နေလျှင် ကျောင်းဖွင့်ပြီဖြစ်တာမို့ Do KyungSoo နှင့် Kim Kai သည် မနက်ရောက်လျှင် ကားစီး၍ ဆိုးလ်သို့ပြန်ကြမည်ဖြစ်သည်။ယခုညပိုင်းတွင်တော့ Kim Kai ၏ ဘကြီးက မပြန်ခင် ညစာတူတူစားကြဖို့ ခြံထဲတွင် စားသောက်ပွဲပြင်ဆင်ခိုင်းနေလေသည်။ဘကြီးအား အလုပ်ကူလုပ်ပေးပြီးနောက်
ညစာစားရန် လာခေါ်သော Kai သည် Do KyungSoo ၏ အခန်းတွင်းသို့ဝင်ရောက်လာသည်။အဝတ်အစားတွေကို ထုတ်ပိုးနေသည့် Do KyungSoo အားမြင်သည့်အခါ နောက်မှ သိုင်းဖက်ရင်း အသံပြုလိုက်သည်။"ကိုကိုဒို! "
Do KyungSoo က လန့်လည်းမသွားသလို
တည်တည်ငြိမ်ငြိမ်နှင့် အဝတ်ခေါက်ကာသိမ်းနေဆဲ။ Kai က ဖက်ထားသောလက်ကိုဖြုတ်ကာ Do KyungSoo ၏ ရှေ့မှ ကုတင်ဘေးသို့ ဝင်ထိုင်လိုက်သည်။မျက်နှာကိုသေချာမြင်ရမှ မျက်နှာမကောင်းဖြစ်နေတာကိုသိလိုက်ရသည်။ထို့ပြင် ဘကြီးအလုပ်တွေ မတရားခိုင်း၍ အသားတွေလည်း နေလောင်ကာ သူ့လောက်နီးနီးညိုနေလေသည်။Kai က မေးလိုက်သည်။
"ကိုကို ဒို...ဘာဖြစ်နေတာလဲ? မျက်နှာလည်းမကောင်းဘူး..အိမ်မပြန်ချင်သေးလို့လား? ဒီမှာနေပြီး ဘကြီးရဲ့အလုပ်တွေလုပ်ချင်သေးလို့လား? ဟုတ်လား? "
Do KyungSoo က ပြန်မဖြေ။ တစ်ဖက်သို့ လှည့်ပြီး ပစ္စည်းများကိုကောက်ထည့်နေပြန်သည်။ Kai က သူ့နှင့် မျက်နှာချင်းလိုက်ဆိုင်ပြီး ထပ်မေးသည်။
" ဘာဖြစ်နေတာလဲလို့ဆို?"
Kai အား လုံးဝကြည့်မလာ၍
စိတ်မရှည်သည့်အဆုံး လုပ်လတ်စပစ္စည်းတွေကို ဆွဲလုကာ Do KyungSoo ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ပင့်မော့လိုက်ရသည်။" ဘာဖြစ်လို့လဲဆိုနေ? "
ထိုအခါမှ Do KyungSoo က မျက်နှာတည်နှင့်
သို့သော် စိတ်မကောင်းဖြစ်နေသောအသံဖြင့် ပြောလာတော့သည်။
YOU ARE READING
Candy
RomanceOh Sehun ♡ LuHan " Hannie ရေ.....ဝက်ပေါက်စရေ.... မင်းကငါ့အပိုင်နော်"