Part-17

7K 772 147
                                    

ကန်​တင်းမှထွက်​လာပြီး​နောက်
Family Teacher ၏ နား​နေခန်းသို့သွားကာ LuHannie အတွက်​ခွင့်​တိုင်​လိုက်​သည်​။ထို့​နောက်​ အတန်းချိန်​သွားတက်​မည်​ဟုစိတ်​ကူးခဲ့​သော်​လည်း အတန်းနှင့်​နီးလာသည်​နှင့်​အမျှ ​ခြေလှမ်းများက ပို၍ပို၍​လေးလံလာပါ၏။စိတ်​အ​ခြေအ​နေသည်​ ဟိုးအဝီစိသို့ထိုးကျ​နေပါသဖြင့်​ ယခုအချိန်​၌ စာသွားနား​ထောင်​​နေလည်း ​ခေါင်းထဲသို့မဝင်​ဘဲ ကံမ​ကောင်းလျှင်​ဆရာ၏အဆူအ​ငေါက်​ခံရမည့်​အတူတူ အတန်းလစ်​ဖို့သာ​တွေးလိုက်​ပါ​တော့သည်​။

အတန်းလစ်​မည်​ဆို​သော်​လည်း
တစ်​​နေရာရာကို​တော့ တကူးတက သွားပြီးမလစ်​ချင်​ပြန်​။ကျောင်းထဲမှာဘဲ​ခွေအိပ်​​နေလိုက်​ဖို့စဉ်းစားလိုက်​သည်​။ယ​နေ့အတွက်​အချိန်​ဇယားသည်​ အားကစားအချိန်​မပါတာမို့ အားကစားခမ်းမထဲတွင်​ သွားအိပ်​​နေမည်​ဟု​ ဆုံးဖြတ်ကာ ​​ထွက်​လာခဲ့လိုက်​​တော့သည်​။

သို့နှင့်
ဘတ်​စကတ်​​ဘော​ဆော့သည့်​အခန်းကျယ်​အနားကို​ရောက်​လာချိန်​ Sehun အသံတိုးတိုးကိုကြားလိုက်​ရသည်​။ဘယ်​ကထွက်​လာတဲ့အသံဆိုတာကိုနား​စွင့်​ရင်းမှ ဘတ်​စကတ်​​ဘော​ဆော့သည့်​​ဟောကြီးထဲကမှန်းသိလိုက်​သည်​။အခန်းတံခါးနားသို့ကပ်​သွားပြီး နားကပ်​ကာ​သေချာနား​ထောင်​ကြည့်​လိုက်​တော့အမှန်​ပင်​ စကားသံတိုးတိုးတိုးတိုး ကိုကြားလိုက်​ရသည်​။

ကြည့်​ရတာ အတွဲများချိန်း​တွေ့​နေသလားမသိ။
လူအများကြီးရဲ့အသံလည်းမဟုတ်​။တိုးတိုးတိုးတိုးနှင့်​ဆို​တော့။
Sehun ကံမ​ကောင်းပါ။ခွေ​ခေါက်​အိပ်​ဖို့​နေရာလာရှာ​သော်​လည်း မိမိထက်​အတွဲတစ်​တွဲက​နေရာဦးထား​လေပြီ။ထို့​ကြောင့်​ တခြားတစ်​​နေရာကိုသွားရန်​စိတ်​ကူးလိုက်​စဉ်​ Sehun အသံတိုးတိုးကိုထပ်​ကြားလိုက်​ရပြန်​သည်​။

" ဟာ...ဦး​နော်​ "

Sehun ၏ ​ခြေလှမ်းတို့​နေရာတင်​ရပ်​တန့်​သွားရသည်​။ဒီအသံကို ရင်းရင်းနှီးနှီးကြားဖူး​နေသည်​ဟု စိတ်​ထဲကခံစား​နေရတာ​ကြောင့်​ပင်​။
မ​ရေမရာ​သောစိတ်​နှင့်​အတူ တံခါးနားသို့ အသာ​လေးပြန်​ကပ်​ကာနား​ထောင်​လိုက်​ပြန်​သည်​။

Candy Where stories live. Discover now