Part-19

7.5K 753 441
                                    

Argushi Lay တို့၏ ​နေအိမ်​တွင်
မိသားစု ညစာစားပွဲ​လေးတစ်​ခုကျင်းပလျက်​ရှိ​နေသည်​။Xiuminတို့မိသားစု၊ Taoတို့ မိသားစု နှင့် ​Suho တို့မိသားစုဆိုပြီး သုံးစုအတူတကွ​​။

ခြံထဲတွင်​ စား​စရာ​များအား လျှံပယ်​စွာတည်​ခင်းထား​သော စားပွဲရှည်​ကြ်ီးရှိပြီး  မိသားစုဝင်​အားလုံးလည်းအစုံအလင်​​ရောက်​ရှိ​နေ​လေပြီမို့
Lay က Dinner ဖိတ်​ကြားရခြင်းအ​ကြောင်းရင်းကိုစ​ပြောသည်​။

"ဒီ​ညစာ စားပွဲ​လေးကိုဖိတ်ရတဲ့အြေ​ကာင်းက​​ ကိုယ့်​မိသားစုဝင်​အားလုံးကိုအသိ​ပေးစရာ​လေးရှိလို့ပါ...အဲ့တာက​တော့ အားလုံးသိတဲ့အတိုင်း ကျ​နော်​ ​ဟောဒီက ဆရာPark Chanyeol ကို အချိန်​နှစ်​လ​ပေးထားတာ ပြည့်​သွားပါပြီ...ဒီ​တော့ ကျ​နော်​ ဆုံးဖြတ်​ချက်​ချပြ်ီးပြီဆိုတာ​ပြောချင်​လို့ပါ  "

ဆရာ Park က ဦး​လေးLay အနားမှ ခုံတွင်
Result ​စောင့်​​နေ​သော​ကျောင်းသားက​လေးပမာ ​မျှော်​လင့်​တကြီး ​နား​ထောင်​​နေသည်။ဒီနှစ်လအတွင်း ဆရာPark ခမျာ အရက်​ကိုကြိုးစားပမ်းစားဖြတ်ခဲ့တာမို့ ဘီယာ​ဗိုက်​က​လေးပင်​ချပ်​လုဆဲဆဲဖြစ်​​နေကာ ကိုယ်​ရည်​​လေးလည်းစစ်​သွားပြီဖြစ်​သည်​။မိမိကိုယ်​ကိုပြုပြင်​ရသည့်​အပြင်​ ​​Baekhyunee၏ မိဘ​တွေစိတ်​ကြိုက်​လည်း​နေရသည်​။ဒီကြားထဲမှာ မျက်​နှာလည်းသွားသွားလုပ်​ရသည်​။Baekhyunee ​လေးကိုလည်း တစ်​​နေ့တစ်​​နေ့မစွန့်​လွှတ်​နိုင်​​အောင်​အချစ်​​တွေတိုး​လာ​နေတာမို့ မြန်​မြန်​နီးစပ်​ချင်​ရသည်​။ယခု သိရမည့်​ ​ယောက္ခထီးကြီးLay ၏ အဆုံးအဖြတ်​က သူ့ဘဝပင်​ဖြစ်​​သည်​မို့ အလွန်​အမင်းလည်းစိတ်​လှုပ်​ရှား​နေ​လေသည်​။

ဆရာPark၏နံ​ဘေးတွင်​​တော့ Baekhyunee က ကပ်​ထိုင်​​နေပြီး ဆရာPark ၏လက်​​တွေကိုဆုပ်​ကိုင်​ထား​လေသည်​။ကျန်​​နေတဲ့သူ​တွေအားလုံးကလည်း Lay ၏ ဆုံးဖြတ်​ချက်​ကဘာလဲဆိုတာသိရဖို့ အာရုံစိုက်​နား​ထောင်​​နေကြ​သည်​။

"ကျ​နော်​တို့လင်​မယားနှစ်​​ယောက်​ ဒီနှစ်​လ အတွင်း ဆရာPark ကို​စောင့်​ကြည့်​ခဲ့ပါတယ်​ သူ့ရဲ့အ​ကြောင်း​တွေကိုလည်း​လေ့လာခဲ့ပါတယ်​ Baekhyunee ရဲ့စိတ်​ကိုလည်းစမ်းစစ်​ခဲ့ပါတယ်​ ​နောက်​ဆုံးမှာ ကျ​နော့်​ရဲ့ဆုံးဖြတ်​ချက်​က​တော့  "

Candy Where stories live. Discover now