"အွန်းပါ!...အွန်းပါ!....လုပ်ပါပြီ!...ommaတို့ ကလေ ဒီသားလေးတစ်ယောက်ထဲရှိတာကို ခိုင်းစားဖို့ဘဲ!.... "Sehunတစ်ယောက်
ကုတင်ဘေး ကြမ်းပြင်တွင်
ဒိုက်ထိုးနေစဉ် တစ်ဘက်ခြံမှ ထွက်လာသော
ဆူဆောင့်ဆောင့်အသံကိုကြားလိုက်ရသည်။"တော်ပြီ! တော်ပြီ!...ပွစိပွစိ မပြောနဲ့တော့! ဒီမှာလုပ်နေပြီဟာကို! "
ထပ်မံကြားလိုက်ရသော အသံကြောင့်
ဒိုက်ထိုးနေရာမှထရပ်ကာ
နံဘေးမှ တဘတ်အဖြူနှင့်ချွေးစတို့ကိုသုတ်ရင်း
တစ်ဘက်ခြံထဲကိုမြင်ရသောပြတင်းပေါက်အနားသို့သွားရပ်လိုက်မိတော့သည်။သူ့ပြတင်းပေါက်မှကြည့်လိုက်လျှင်
မြင်ရသော တစ်ဘက်ခြံအတွင်းတွင်
အသံပိုင်ရှင်ရှိနေသည်။LuHannie...
တီရှပ်လက်တိုအဖြူမှ လက်များကို လက်မောင်းရင်းထိပင့်တင့်ထားပြီး ဘောင်းဘီတိုနှင့်ဖြစ်သည်။
ရွှေအိုရောင်ဆံပင်တွေကိုထိပ်ကနေ ကြက်တောင်စီးထားပြီး ရာဘာဖိနပ်ကိုဝတ်ထားလေသည်။"ဒါလား သမင်လေး ဆိုတဲ့ကောင်! "
ကျောင်းတွင်မိန်းကလေးများရှေ့မှဖြတ်လျှောက်လျှင် ရှိုးအလွန်ထုတ် ပဲအလွန်များသော
LuHannie ကိုလှမ်းကြည့်နေရင်း
နှာခေါင်းရှုံ့  လိုက်မိသည်။သမင်လေး ဆိုသည့်နေရာတွင်လည်း မျက်နှာကို
ကျောင်းကမိန်းကလေးများကဲ့သို့လုပ်ကာ ပြောလိုက်ခြင်းပေမယ့် သူ့မျက်နှာနှင့်ကျတော့ တမင်မဲ့ရွဲ့ကာလုပ်ပြခြင်းမို့အလွန်ကြည့်ရဆိုးနေတော့သည်။ထိုစဉ်
LuHannie သည် မာတာမိခင်ခိုင်းသော
ပန်းပင်ရေဖြန်းခြင်းလုပ်ငန်းကိုစတင်ရန်
ရေပိုက်ကို လှည့်ဖွင့်နေလေသည်။ညာလှည့်ဖွင့်လည်းမရ။
ဘယ်လှည့်ဖွင့်လည်းမရ။"Hump! အားမှမရှိဘဲ "
YOU ARE READING
Candy
RomanceOh Sehun ♡ LuHan " Hannie ရေ.....ဝက်ပေါက်စရေ.... မင်းကငါ့အပိုင်နော်"