Part-8

7.9K 888 192
                                    

"​ဟေ့​ကောင်​..... Sehun မင့်​မျက်​နှာကြီးကလည်း ပြုံးဖြီးလို့ပါလား? "

မျက်​နှာတင်​ပြုံး​နေတာမဟုတ်​။
လျှောက်​​နေ​သော​ခြေ​ထောက်​ပင်
မြေကြီးနှင့်​မထိသလိုခံစားရ​လောက်​​အောင်​ကို
သူအူမြူး​နေတာဖြစ်​သည်​။

ရင်​ထဲလှိုက်​ခနဲလှိုက်​ခနဲကြည်​နူးမိကာ
အပြင်​ဘက်​တွင်​ပါ ပြုံးမှန်းမသိပြုံး​နေမိ​တော့တာ။

အ​ကြောင်းအရင်းကား....မ​နေ့ညကဖြစ်​သည်​။

ပိုးတုံးလုံးခန္တာကိုယ်​​လေးအား ဖက်​မအိပ်​ခဲ့ရသည်​မှာ ဆယ်​နှစ်​နီးပါရှိခဲ့ပြီမို့
ဓာတ်​ပုံနှင့်​ခြိမ်း​ခြောက်​ကာ အကျပ်​ကိုင်​ခဲ့သည်​။

တစ်​​ယောက်​အိပ်​ကုတင်​​လေး​ပေါ်တွင်
တစ်​​စောင်​ထဲအတူ ခြုံပြီး
ကျော​ပေးထား​သော ဝက်​သမင်​​လေးကို
အတင်းညှစ်​ ဖက်​ကာအိပ်​ခဲ့ရသည်​မှာ
ဘယ်​လိုအရသာရှိမှန်းမသိ။

Luhannie က​တော့ ရှက်​သည်​လား
ဒေါသထွက်​သည်​လားမကွဲ
မနက်​​စော​စော သူမနိုးခင်​ကတည်းက လစ်​​ပြေး​တော့တာဖြစ်​သည်​။
တကယ်​​တော့ ညကသူနဲ့အတူအိပ်​ဖို့သ​ဘောတူလိုက်​တာ ထို​ပေါက်​စကအကြံနှင့်​ဖြစ်​သည်​။ ​စော​စောထပြီး Sehun ဖွက်​ထား​သော သူ့ဓာတ်​ပုံကိုပြန်​ယူပြီး​ပြေးတာဖြစ်​သည်​။

Sehun ခြိမ်း​ခြောက်​စရာမရှိ​တော့တာမို့ အနည်းငယ်​နှ​မြောမိ​ပေမယ့်​ မ​နေ့ညက ဝက်​သမင်​​ပေါက်​အားဖက်​အိပ်​လိုက်​ရသည်​မှာ နည်းသလားဟု​တွေးကာ အပြုံး​တွေအ​တောမသတ်​နိုင်​။

"Oh Sehun!!!အိပ်​​ပျော်​​နေတာလား?.....ဆရာစာသင်​တဲ့ထဲမှာပြုံးစရာပါလို့လား?​ပြောစမ်း!!! "

အမ​လေးး

စိတ်​ကူးထဲဝင်​လာ​သောအသြံ​ဗဲကြီး​ကြောင့်
Sehun ခုံ​ပေါ်မှပြုတ်​ကျမလို​တောင်​ဖြစ်​သွားသည်​။

ဆရာစာသင်​​နေစဉ်
မျက်​စိကြီးမှိတ်​ကာပြုံးဖြဲဖြဲလုပ်​​နေ​သောသူ့ကို
ဒေါသအိုးဆရာက ​အ​ရှေ့တွင်​စိုက်​ကြည့်​​နေသည်​။

"မ...မဟုတ်​ပါဖူး...ဆရာ.....ဟီး "

ခေါင်းကုတ်​ဖင်​ကုတ်​နဲ့သွားဖြဲပြလိုက်​ရင်း
လျှောချရသည်​။
ဒါ​တောင်​ဆရာကမျက်​​ထောင့်​နီကြီးဖြင့်​ အ​တော်​ကြာစိုက်​ကြည့်​​နေ​သေးတာ.....။
ဤဆရာကြီးအ​တော်​အ​ပေါက်​ဆိုးမှန်းသူကြားထားတာမှန်​​နေသည်​။
အ​ပေါက်​ဆိုးမဆိုး​တော့ကိုယ်​တိုင်​မကြုံ​သေးဘူး
အကြည့်​က​တော့ ​တော်​​တော်​ဆိုးသည်​။
အရပ်​က ကလန့်​ကလားနဲ့.....။

Candy Where stories live. Discover now