နံနက်စောစောတစ်ခုတွင်
Chen တို့အိမ်၌ လူစုံတက်စုံဖြင့်ဆူညံနေကြသည်။
Baekhyunee တို့အိမ်သို့ ဘောလုံးပွဲသွားကြည့်သော LuHannie ညက ရုတ်တရက်ပျောက်သွားပါသဖြင့် လိုက်လာကြသော Lay ၊ Suhoနှင့် Baekhyuneeတို့ သားမိသားဖသုံးယောက်။
ထိုအချိန်မှာဘဲ ဘယ်နေရာကပြန်လာကြမှန်းမသိသည့် အိမ်ကိုပြန်ရောက်လာသော Sehunnie နှင့် LuHannie တို့အပြင် ခရီးထွက်ရာကပြန်ရောက်လာသော Sehunnie၏ အဖေနှင့်အမေ Kris နဲ့ Taoတို့် ပါ ရှိနေကြသည်။"ကျနော်တို့ကို သဘောတူပေးပါ မား Xiu "
ခေါင်းငုံ့ပြီးတရိုတတောင်းဆိုနေသောSehun ကို
မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှLuHannie က မီးပွင့်မတတ်စိုက်ကြည့်လိုက်ပြီး အော်ပြောသည်။" ဘာကိုသဘောတူရမှာလဲ?...Omma
ကျနော်သဘောမတူဘူးနော်!"ထိုအခါ Sehun ကတပြန် LuHannie အား
လေသံတိုးတိုးလေးဖြင့်ချော့ပြောပြန်သည်။"Hannie...ကိုယ်တို့က အပြင်မှာ တစ်ညတူတူရှိခဲ့ပြီးပြီလေကွာ "
"မင့်မေကြီးတော်မို့ !.....တစ်ညအပြင်မှာတူတူရှိတာနဲ့လက်ထပ်ရမှာလား?!....အဲ့လိုလုပ်လို့ရကြေးဆို ငါ Baekhyunnee နဲ့အစောကြီးကတည်းကယူပြီးပြီ!! "
LuHanniee ရဲ့ စကားမှာ Baekhyunee ပါလာတာအကြောင်းတော့မဟုတ်။
Sehun ရဲ့ မျက်စောင်းတစ်ချက်ကတော့ ထောင့်တစ်နေရာမှာ သူ့ဘာသာထိုင်နေသော Baekhyunee ထံ ဒိုင်းခနဲရောက်သွားပါသည်။Baekhyunnee လေးခမျာ ကြက်သီးတွေ ဖြန်းခနဲထသွားတာမို့ Oh Sehun ထံမှမြန်မြန်အကြည့်လွှဲလိုက်ရသည်။
"ကိုယ်တို့က တူတူရှိနေကြရုံမှမဟုတ်တာ Hannie ရယ်...ကိုယ်တို့က ဟိုဒင်းဟိုဟာလည်း ပြုခဲ့ပြီးပြီလေ...အဲ့တာကြောင့် ကိုယ်တို့လက်ထပ်ရမယ်"
Sehun ရဲ့စကားက LuHannie ရဲ့မျက်နှာဖွေးဖွေးကိုနီတွတ်သွားစေပြီး ဧည့်ခန်းထဲမှာထိုင်နေကြသော လူအားလုံးလည်း LuHannie ကို ပြူးကြည့်လာကြတော့သည်။
Sehun ကတော့ ဘာမှမဖြစ်ခဲ့သော ကိစ္စကို တကယ်ဘဲကျူးလွန်ခဲ့သလိုလိုနှင့် မိဘတွေအား မျက်နှာလေးငယ်ကာပြောပြနေသည်။
YOU ARE READING
Candy
RomanceOh Sehun ♡ LuHan " Hannie ရေ.....ဝက်ပေါက်စရေ.... မင်းကငါ့အပိုင်နော်"