Mask - 1

23.4K 949 11
                                    

Unicode Version

ထိုနေ့က တိမ်ပြာပြာဖြင့်သာယာသောနေ့ဖြစ်သည်။ ကောင်းကင်ထက်မှ နေသည် ဝင့်ဝင့်ကြွားကြွားဖြင့် အပူချိန်တို့ကို့ တရိပ်ရိပ်တက်အောင် ဖန်တီးနေသည်။ ထိုအပူချိန်တို့ကို အန်တုလျှက် ကျောင်းသားအချို့ ကျောင်းဘောလုံးကွင်းအတွင်း ပြေးလွှားဆော့ကစား နေကြသည်။

" အာ့ "

ခြေထောက်လေးကိုကိုင်ကာ မြေပြင်ပေါ်လဲကျနေသော ကောင်လေးထံ အပြေးအလွှားသွားမိသည်။

" ဟေ့ကောင် ဘာဖြစ်တာလဲ ? "

တုန့်ပြန်သံမရှိ ....

" ဟေ့ကောင် ဓန ဘာဖြစ်တာလဲလို့ ပြကြည့် ဟေ့ကောင် ငါ့ကိုတွဲပြီး ထကြည့်ဦး လာ "

" နာတယ်ကွ "

" အင်း မင်းခြေထောက် အကြောလွဲသွားတယ်ထင်တယ် ငါ့ကိုတွဲ အတန်းပြန်ရအောင် ထ "

ခြေထောက်နာသွားသည်ကို အကြောင်းပြကာ ကျန်ရှိနေသော အတန်းချိန်အားလုံးကို ဘုန်းဓန ခုံပေါ်မှောက်အိပ်ရင်း ဖြတ်သန်းလိုက်သည်။ မကြာမီဖြေရတော့မဲ့ ၁၀တန်းစာမေးပွဲကိုလဲ ခေါင်းထဲလုံးဝမရှိသည့်ပုံ။ မှောက်အိပ်နေသော ဘုန်းဓန ကိုကြည့်ကာ သက်ပျင်းတစ်ချချဖြစ်နေသူလဲရှိသည်။ သူ ငယ်ငယ်တည်းက ပေါင်းသင်းလာသော သူငယ်ချင်းဖြစ်သူကို အရာရာစိတ်ပူနေရသည်။ အိမ်နီးချင်းငယ်သူငယ်ချင်းလဲဖြစ်သလို မိမိ၏ ဖခင်ဖြစ်သူကလဲ ဘုန်းဓန ဖခင်၏အလုပ်တွင် ဝန်ထမ်းဖြစ်သောကြောင့် မိဘများ၏သွန်သင်မှုများအရ အရာရာအလျော့ပေးပေါင်းသင်းနေရသော်လည်း သူ့အတွက် ညီငယ်တစ်ယောက်လို ခင်ရသည်။ ထို ကောင်လေးနှင့်အတူ ၁၀တန်းကို နှစ်ချင်းပေါက်အောင်မြင်ချင်သည် တက္ကသိုလ်အတူတူတက်ချင်သည် ဤသည်ကသူ့ရဲ့ ပျော်ရွှင်မှုဖြစ်သည်။

" ငါ လမ်းမလျှောက်နိုင်တော့ဘူး "

ကျောင်းကားရှိရာနေရာသို့ပင် ရောက်အောင်မလျှောက်နိုင်။ အနည်းငယ်ယောင်ရမ်းသည်ဟုသာ ဆိုနိုင်သော ခြေထောက်အခြေအနေတွင် ဤမျှလောက်မဆိုးဝါးဘူး ဆိုတာကိုလဲ အာကာမိုးသောက်သိသည်။ သို့သော် သရုပ်ဆောင်ကောင်းလှသော ဘုန်းဓန၏ သရုပ်ဆောင်ကွက်တွေကို မငြင်းဆန်နိုင်။

MASK (  Editing  ) Where stories live. Discover now