MASK - 8

5.8K 496 16
                                    

Unicode

ဂျူတီကုတ်အဖြူရောင်လေးနဲ့ တောက်ပနေသော ကျွန်တော့်လမင်း။ ကျွန်တော်ကတော့ ဆ၊မ လက်မှတ်မရတာကြောင့် ခန့်ညားသော ဆရာဝန်ကြီး ကိုအာကာ့ကိုသာ ငေးကြည့်ရရုံမျှသာ။

* ရင်ခုန်ရသည် သူ .... လူနာတစ်ယောက်ကို စမ်းသပ်နေပုံ၊ နားကြပ်လေးကိုင်ကာ ဟိုရွေ့ဒီရွေ့လုပ်နေသော သူလက်များ ဆုပ်ကိုင်ချင်စရာကောင်းလှသည်။
* ချစ်လှပါသည် သူ ... လူနာတွေကို စကားပြောနေပုံကို ငေးကြည့်ရင်း ချစ်ရပါသည်။
* တောက်ပလွန်းလှသည် သူ .... လူနာတွေကို ကြည့်သော ချစ်သောမျက်စိက တောက်ပလွန်းလှသည်။
* ဖက်တွယ်ထားချင်သည် တစ်ဖက်လှည့်ထားသော သူ့ကျောပြင်ကို ငေးကြည့်ရင်း ကြင်နာစွာ ဖက်တွယ်ထားချင်မိသည်။

ဝေဒနာခံစားနေရသော သူအများအဖို့ ဆရာဝန်လိုအပ်သလိုပဲ သူ့ လှုပ်ရှားမှုမှန်သမျှ အရူးတစ်ယောက်လို ချစ်နေမိသော ရှိုင်းဒီပါအောင်အတွက် ထိုဒေါက်တာလေးသည် မရှိမဖြစ်လိုအပ်ပေသည်။

" အာကာ .. ပြီးပြီလား "

" အင်း .... "

" ပြီရင် မုန့်သွားစားကြမယ် အကို လာ .. "

" ခဏ ကို ဆေးခန်းပိတ်ရဦးမယ် သိမ်းစရာရှိတာတွေ သိမ်းရဦးမယ်လေ "

" မြန်မြန် ဗိုက်ဆာပြီဗျ ကျွန်တော်ကူသိမ်းပေးမယ် "

သွက်လက်စွာ ကူညီသိမ်းစည်းနေသော ဒီပါ့အား ငေးကြည့်နေမိသည်။ ကျွန်တော့်အကြည့်များနှင့်ထပ်တူ ဘုန်းဓန၏ ဂျစ်ကန်ကန်အကြည့်တို့သည်လဲ ကျွန်တော့်ထံ ရောက်ရှိလာသည်။

" ကြာတယ်ကွာ ဘာလို့အဲ့လောက် နှေးကွေးနေရတာလဲ "

ထိုအသံနှင့်အတူ ဘုန်းဓနသည် အာကာ့နောက်တည့်တည့်မှနေ၍ ခါးကိုသိမ်းဖက်လိုက်သည်။ အာကာ့ တစ်ကိုယ်တုန်းအေးစက်တောင့်တင်းပြီး လက်တွေခြေတွေတောင် မလှုပ်ရှားနိုင်တော့သည်အထိ။ ကျွန်တော် အထိတ်တလန့် ဒီပါ့ကိုလှည့်ကြည့်လိုက်မိသည်။ ကျွန်တော်မျှော်လင့်ထားသလိုပဲ ဝိုင်းစက်ကာ အံ့သြနေသော မျက်လုံးအစုံဖြင့် လှမ်းကြည့်နေလေသည်။

" ဟျောင့် ဘယ်လိုဖြစ်နေတာလဲ ဖယ် ... "

ကျွန်တော် အတင်းရုန်းကန်နေမိသည်။

MASK (  Editing  ) Where stories live. Discover now