တစ်နှစ်ခန့်ကြာသော် ~
ထင်းရှုးနှင့် ချယ်ရီများ ပန်းပင်များ ပွင့်ဖူးတတ်သော ပြင်ဦးလွင်မြို့တွင် ကျွန်တော်တို့ အခြေချဖြစ်ခဲ့သည်။ ကိစ္စများဖြစ်ပြီးနောက် တစ်ချိန်က ဘုန်းဓန ပြောခဲ့ဖူးသဖြင့် သူသဘောကျသော ထိုမြို့ငယ်လေးတွင်သာ အခြေချဖြစ်ခဲ့ကြခြင်းဖြစ်၏။
" Stevenရေ ဒီပါ့ဆီကို ဒီဟင်းသွားပေးပေး ''
" အင်း... ''
ကျွန်တော်တို့်အိမ်နှင့် ဒီပါ့အိမ်လေးတို့သည် ခြံဝန်းတစ်ဝန်းတည်းတွင်သာရှိသည်။ ဟိုဘက်အိမ် နှင့် ကျွန်တော့်အိမ်ကြားတွင် ပန်းခင်း နှင့် စတော်ဘယ်ရီပင်လေး များလည်း စိုက်ပျိုးထားလေသည်။ ကျွန်တော် နှင့် Steven သည် ပြင်ဦးလွင်ရှိ ဆေးခန်းများတွင်ထိုင်ကာ ဝင်ငွေရှာခြင်းအမှူကိူပြုသည်။ အလုပ်နားတိုင်း ဟင်းများကို ဟိုသည်ပေးပို့နေကျ။
ကျွန်တော်တို့ နှစ်ဦး၏ ဆက်ဆံရေးတွင် ကျွန်တော့်ဘက်မှ ချစ်တယ်ဟုတစ်ကြိမ်မှ မပြောဖူးသော်ညား နားလည်ပေးသော Steven ၏ အချစ်များကြောင့် အရာရာ အေးချမ်းခဲ့သည်။ ကျွန်တော်တို့အတူရှိခဲ့တာ ၁နှစ်နီးပါးရှိပြီဖြစ်သည်။ ယနေ့တွင်မှူ ကျွန်တော့်အပေါ် စိတ်ရှည်စွာစောင့်စားခဲ့သော ထိုကောင်လေးအား ချစ်တယ် ဟု ပြန်ပြောပြမည်ဟု ဆုံးဖြတ်ထားလေသည်။
" ဒီပါရေ ငါ ဝင်ခဲ့ပီနော် ''
" အေး Steven ဘာလာလုပ်တာလဲ ''
" ဟင်းလာပို့တာ ဒီနေ့ ဝက်ပုန်းရည်ကြီးဟင်းချက်တာ မင်းကြိုက်တတ်လို့လာပို့တာ။ ငါ့အချစ်လေးက ဟင်းချက်ကောင်းတယ်လေ ''
"ကြွားပြန်ပြီ ''
" ဘာလုပ်နေတာလဲ? "
" ကိုဓနကို ရေချိုးပေးမလို့လေ။ ''
" နိုင်လား? ကူပေးရမလား? "
" ရတယ် မလိုဘူး။ ကိုဓနရဲ့ ခန္ဓာကိုယ်ကို မင်းကို မြင်ခွင့်မပေးနိုင်ပါဘူး။ ''
" စောက်ပိုတွေပြောပြန်ပြီ.. အားအားယားယား ဘုန်းဓန ကိုပဲ ငါက ကြည့်ရဦးမယ် အကိုဘယ်လိုနေလဲ ငါလာတုန်းတစ်ခါတည်းကြည့်သွားပေးမယ်လေ ''
YOU ARE READING
MASK ( Editing )
RomanceBehind every mask there is a face, and behind that a story !!! လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်ထားတတ်ကြစမြဲ .... လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်...