MASK - 26

4.6K 496 97
                                    

Unicode Ver

" မင်းက သိပ်ကိုနေမကောင်းဖြစ်ချင်နေတယ်ပေါ့ လာ ''

ဘုန်းဓနသည် အိပ်ခန်းထဲသို့ အရှိန်ပြင်းစွာ ဝင်လာပြီးနောက် ဒီပါ့လက်များအား ခပ်ကြမ်းကြမ်းဆွဲကာ ကုတင်ပေါ်မှ ဆွဲချလာသောကြောင့် ကျွန်တော့် မျက်လုံးများပြာဝေကာ ထိုခဏအတွင်း ဘာတွေဖြစ်ပျက်သွားသည်ကိုပင် မသိလိုက်တော့ချေ။ ကျွန်တော် သိလိုက်ချိန်တွင် သူ့နောက်ကို တရွတ်တိုက်လျှက်ပါသွားတာကိုပဲ။ သူသွားနေသည့်နေရာက ကျွန်တော့် အခန်းထဲက ရေချိုးခန်းကိုပါ။ သူဘာတွေလုပ်မှာလဲ?

ရေချိုးခန်းအတွင်းသို့ရောက်သောအခါ ထောင့်တစ်နေရာသို့ တွန်းလွှတ်သည်။ ထို့နောက် ခွေခွေလေး လဲကျနေသော ဒီပါ့အပေါ်သို့  အပေါ်ရှိ ရေပန်းများမှ ရေများဖွင့်ချပစ်သည်။ သာမာန်လူတစ်ယောက်အတွက် ထိုအခြေအနေသည် သာမာန်ရေစိုရုံသာဆိုပေမဲ့ နေမကောင်းသူတစ်ဦးအတွက် ခိုက်ခိုက်တုန်အောင်အရိုးထိ အေးစိမ့်သည့် အခြေအနေပင်ဖြစ်သည်။

ထိုအချိန် ကျွန်တော် ငိုယိုနေယုံမှလွဲ၍ မတတ်နိုင်ခဲ့။ ကျွန်တော် သူ့ကို အကြိုးအကြောင်းမေးဖို့ ဦးနှောက်မှလှုံ့ဆော်သော်ငြား ပါးစပ်မှမည်သို့သော စကားမျှမထွက်နိုင်ချေ။ ကြောက်လွန်းတာလဲပါဝင်သည်။ အေးလွန်းလို့ တုန်ယင်နေသော ပါးစပ်များအသံမထွက်နိုင်တော့တာလဲ ပါဝင်သည်။ မကြာခင် ကျွန်တော် သေသွားတော့မလိုပင်။

" နေမကောင်းဖြစ်ချင်တာလား ဟင်? မေးနေတယ်လေကွာ ဖြေလေ နေမကောင်းဖြစ်ချင်တာလားလို့? "

ဟိန်းထွက်လာသော အော်ဟစ်သံ။ ထိုအခန်းငယ်အတွင်း ဘုန်ဓန၏ ဒေါသနှင့်ယှက်သော အော်ဟစ်သံ ကြီးစိုးလို့နေသည်။

ဒီပါ ငယ်ငယ်ကတည်းက ဒီလိုအော်ဟစ်သံတွေကို သိပ်ကြောက်ခဲ့တာ။ ဒူးနှစ်ဖက်ကိုပိုက် ရင်း တုန်ယင်နေသော ကျွန်တော့်ကို စူးစူးဝါးဝါးကြည့်ရင်း အော်ဟစ်နေသည်က လိပ်ပြာလွင့်မတတ်ပင်။ သူ့တစ်ကိုယ်လုံးလဲ ရေများဖြင့်စိုရွဲလို့နေလေသည်။ သူဘယ်လိုမေးမေး ကျွန်တော် ပြန်မဖြေနိုင် ပြန်ဖြေဖို့အင်အားမရှိဟူက ပို၍မှန်သည်။

MASK (  Editing  ) Where stories live. Discover now