MASK - 21

4.5K 447 39
                                    


Unicode

ဂျိမ်း ~

မိုးသားမဲမဲများမှ လျှပ်စီးများ ထင်းခနဲဝင်းခနဲ လက်ထနေကြသလို မိုးချိမ်းသံများသည်လဲ အညှာအတာမဲ့စွာဖြင့် ကပ်လျှက်ပါလာကြသည်။ ထို့နောက် မိုးသဲသဲများသည် အညှာအတာမရှိ ဝုန်းဒိုင်းကြဲ ရွာသွန်းလာကြသည်။ ထိုညမှောင်မှောင်သည် မမ သေဆုံးသည့် ညကလိုပင်။ မည်သို့ပင် ကျွန်တော်နေသားကျပြီဟုဆိုဆို ထိုနေ့ညလို ညမျိုးတွေကတော့ ကျွန်တော့်အား ခြောက်လှန့်နေဆဲပင်ဖြစ်သည်။ တဒိတ်ဒိတ်တုန်နေသော ရင်အစုံနှင့် တဆတ်ဆတ်တုန်းယင်နေသော လက်တို့သည် ကျွန်တော်လွှားခြုံထားသော စောင်ကိုတောင် လှမ်ဖို့ဝန်လေးနေလေသည်။ ဒီလို ကျွန်တော် ခက်ခဲတိုင်း မှီခိုမိသည့် တစ်ဦးတည်းသော သူ၏ အခန်းသို့ သွားရန် ကျွန်တော် အားတင်းလိုက်သည်။

ကျွန်တော့် အခန်းမှ အထွက် ကိုဘုန်းဓန၏အခန်းကိုသွားသည့်လမ်းလေးမှ မမသေဆုံးခဲ့သော ထိုလှေကားအား ကောင်းစွာမြင်ရသည်။ ထို့ကြောင့် မျက်နှာလွှဲရင်း ကျွန်တော် အံကြိတ်အားတင်းလိုက်သည်။

" သူ့အခန်းထဲ ရောက်ရင် ငါ လုံခြုံသွားမှာပါ "

ဒေါက်.... ဒေါက်......

" ကိုဘုန်း တံခါးလေးဖွင့်ပေးပါလား? ကျွန်တော်လာချင်လို့ အကို "

" အကို အိပ်နေတာလား? "

တုံ့ပြန်သံတစိုးတစ်မျှမရှိသောကြောင့် ကျွန်တော် ဝင်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။

" ကျွန်တော် ဝင်လာပြီနော် "

လူသူ ကင်းမဲ့နေသော အခန်းငယ်ကြောင့် ဒီပါဟာ တုန်လှုပ်သွားမိသည်။ ကျွန်တော်က သူ့ဆီအားတင်းပြီး လာတာလေ။ အခု သူကမရှိပြန်ဘူး။ ကျွန်တော် ကြောက်တယ် ။

" ကိုဘုန်းရေ... ကို ဘုန်း.... ရေချိုးခန်းထဲမှာလား? "

သူရှိမနေခဲ့ပါ။ ဒီအခန်းထဲ သူလုံးဝရှိမနေပါ။ ကျွန်တော်သူ့ကို ရှာနေစဉ်တွေ့ရသည်က အခန်းနံရံတွင် ချိတ်ဆွဲထားသော မမနှင့်ကိုဘုန်းတို့၏ မင်္ဂလာဓာတ်ပုံ။ မမကပြုံးပြနေသည်။ မမက ကြင်ကြင်နာနာ ကိုပြုံးပြနေတာဖြစ်သည်။ ထို့နောက် မမ၏ အပြုံးများသည် ခက်ထန်သော အပြုံးများဖြင့်ပြုံးပြလာသည်။ လှောင်ပြုံးဖြင့် ပြုံးပြလာပြန်သည်။

MASK (  Editing  ) Where stories live. Discover now