[ Unicode Version] ." ကိုကို ''
" မင်း ငါ့ကို ဘယ်လိုတွေ လာခေါ်နေတာလဲ ပြီးတော့ ငါ့ခါးပေါ်က မင်းရဲ့လက်ကိုလွှတ် ''
" ဟင့်အင်း ''
" ငါလူစကားပြောနေတာ ရှိုင်းဒီပါအောင် ''
" လူစကားပြောနေတာသိတယ် ဒါပေမဲ့ မလွှတ်ချင်ဘူး ကျွန်တော် အဲ့လိုလွှတ်လိုက်ရင် က်ုဘုန်းက ကျွန်တော့်ကိုထားသွားမှာပေါ့ ''
" ရှိုင်းဒီပါအောင် ''
" အဲ့လို နာမည်အပြည့်အစုံကြီး မခေါ်နဲ့ ကျွန်တော် မကြိုက်ဘူး ''
" မင်းကြိုက်တဲ့ စကားလုံးတွေ ရွေးချယ်ပြောပြရအောင်ထိ မင်းနဲ့ငါပတ်သက်မှုမရှိဘူး ''
" ပတ်သက်မှု မရှိဘူး? အရင်က ကျွန်တော်တို့တွဲခဲ့ကြတယ်မဟုတ်ဘူးလား? နမ်းလဲနမ်းဖူးတယ် နောက်ပြီး အတူတောင် အိပ်ခဲ့ကြတဲ့ ပတ်သက်မှုက ဘာမှမဟုတ်ဘူးတဲ့လား? "
" မင်း..... ''
ဘုန်းဓနသည် သူရှိရာဘက်လှည့်ရန်ပြင်လိုက်စဥ်မှာပင် ဒီပာသည် အာကာ့အား အခုမှမြင်လိုက်သယောင့်ဖြင့် အသံပေးလိုက်သည်။ ဟုတ်ပါသည်။ သူမစောကတည်းက အာကာဆင်းလာတာကို မြင်လိုက်သဖြင့် ထိုအပြုအမူနှင့် ထိုစကားလုံးများကို ရွေးချယ် ပြောလိုက်ခြင်းဖြစ်သည်။
" အော် ကိုအာကာ ဘယ်အချိန် ရောက်နေတာလဲ? "
" အခုမှပါ ကို ဒီနေ့စောသွားရမှာမို့ မနက်စာအတွက် ကော်ဖီလေး ဘူးခဲထည့်သွားချင်လို့ ''
" အဲ့တော့ မနက်စာကရော? "
" ညီတို့ပဲ အတူစားလိုက်ကြပါ။ ကိုက အရေးကြီးသွားစရာလေးလဲ ရှိနေတော့ လမ်းကပဲ ပေါင်မုန့်ဝယ်စားတော့မယ် ဒါလေးထည့်ရုံပဲ ''
အာကာသည် မီးဖိုပေါ်ရှိ ကရားအိုးထဲမှ နှပ်လက်စ ကော်ဖီပူများအား ရေနွေးဘူးလေးအတွင်းသို့ လျင်မြန်စွာလောင်းထည့်မိနေတော့သည်။ သူအလျင်အမြန်ပင် ထိုနေရာမှ ထွက်သွားချင်တာပဲသိ၏။
" အား... ''
ထိုကောဖီပူများသည် လက်ချောင်း အာကာ့၏ လက်ပေါ်သို့ဖိတ်စင်ကုန်၏။
YOU ARE READING
MASK ( Editing )
RomantiekBehind every mask there is a face, and behind that a story !!! လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်ထားတတ်ကြစမြဲ .... လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်...