MASK _ 22

3.9K 304 14
                                    

Unicode

" မင်းရေချိုးတာကလဲ မြန်လိုက်တာ ပြောင်စင်အောင်ရော ချိုးရဲ့လား ''

" အာ..... ပြောင်တာ မပြောင်တာထက် အကို ထက်ပျောက်သွားမှာကြောက်လို့ "

မျက်လွှာချရင်း ဆူပုတ်ပုတ်လေးပြောလာသည်က အသဲယားဖွယ်ရာအတိ။ သို့သော် ဓနသည် စိတ်ကိုတင်းကာ ဆူလိုက်လေသည်။ အလျော့ပေး၍ မဖြစ်ဘူးမဟုတ်လား။

" ကျွတ်စ်.... ငါ စကားတစ်ခွန်းကို ခဏခဏပြောရတာ မကြိုက်ဘူးလို့ မင်းကို ဘယ်နှစ်ခါလောက်ပြောပြရမလဲ? ငါ ဘယ်မှမသွားဘူးဆို မသွားဘူးပေါ့။ အခုလဲရှိနေသေးတာပဲကို။ ငါ အနံအသက်ရှိနတဲ့ သူဆိုရင် သိပ်ရွံတာနော် "

" ကျွန်တော် သေချာ ထပ်ချိုးလိုက်ပါ့မယ် "

နောက်တစ်ခါ ထပ်ပိတ်သွားသော ရေချိုးခန်းတံခါးကို ကြည့်ရင်း ကျွန်တော်ခေါင်းခါမိသည်။ ထိုခေါင်းခါရမ်းခြင်းနှင့်အတူ အပြုံးတစ်ချို့ကပ်ညိပါသွားခဲ့သည်ကို ကျွန်တော် သတိမထားမိ။ ထို့နောက် ခုံပေါ်ရှိတုန်ခါနေသော ဖုန်းအားကောက်ယူလိုက်သည်။

" Hello ''

" ဟုတ်ကဲ့ပါ သူဌေး ဥက္ကဌကြီးက အရေးတကြီးကိစ္စပြောစရာရှိလို့ ရုံးကိုအမြန်လာပါတဲ့ "

" ဘာကိစ္စ?''

" ကျွန်တော်လဲ သေချာတော့မသိဘူးဗျ ပို့ကုန် ပစ္စည်းတွေ အရည်သွေးမမှီလို့ QCဌာနက စစ်ဆေးရေးပြန်ဝင်ကြားတယ် နောက်ပြီး အသစ်ထုတ်မဲ့ပစ္စည်း ဒီဇိုင်းတွေပေါက်ကြားသွားတယ်ကြားတယ် အဲ့ကိစ္စဖြစ်လိမ်မယ်ထင်တယ် အမြန်လာပါတဲ့"

" ဟင်... အေးဟုတ်ပြီ ငါအခုလာမယ် "

ကျွန်တော် ထိုင်နေသော ခုတင်မှ အမြန်ထရပ်လိုက်သည်။ ဒီကိစ္စတွေ ဒီလောက်မြန်မြန်သူသိသွားလိမ့်မယ်လို့ လုံးဝမမှန်းထားခဲ့တာ။ ကျွန်တော် ဖြစ်စေချင်တာထက် အရမ်းစောလွန်းနေသည်။ ဒီကိစ္စကိုင်တွယ်ရန် ကျွန်တော် အဆင်သင့်မဖြစ်သေးချေ။ ကျွန်တော် ဘာဆက်လုပ်သင့်သလဲ? အခုတော့ ဒီလူကြီးမရိပ်မိအောင် အပြေးသွားရမည် စိုးရိမ်ပူပန်ပြီး အကြပ်ရိုက်ပြရမည်။ ဟုတ်တယ် အခုသွားရမယ်။

MASK (  Editing  ) Where stories live. Discover now