MASK _ 24

4.1K 421 31
                                    

Unicode

အဖေဆုံးပါးသွားခဲ့ပြီမှာ ၁လတိတိပြည့်ပြီဖြစ်သည်။ ထို ၁လဟူသော အချိန်အတိုင်းအတာတစ်ခုအတွင်း ကျွန်တော့်နေထိုင်မှုပုံစံတွေ ပြောင်းလဲသွားသလားတော့မသိ။ ကျွန်တော့်သာမာန်နေ့စဉ် ဖြတ်သန်းမှုတစ်ခုတွင် လူတစ်ဦး၏ အလုပ်သွားချိန်ကို လိုက်ပို့ခြင်းနှင့် ထိုလူ၏ အိမ်ပြန်ချိန်ကို စောင့်မျှော်ခြင်းဟူသော တာဝန်တစ်ခုပိုလာခဲ့သည်။ ကျွန်တော် ထိုလူအား အားကိုးသည် ယုံကြည်သည် ကျွန်တော့်တွင် ထိုလူတစ်ယောက်သာ ရှိတော့သည်။ ကျွန်တော့် အရာရာထိုလူအတွက်သာ ပုံအောထားမိခဲ့သည်။ ကျွန်တော် ထိုလူသားအပေါ် အားကိုးယုံကြည်သလောက် ထိုလူသားဘက်က တဖြည်းဖြည်း အေးစက်လာခဲ့သည်ကို ကျွန်တော် ခံစားမိသော်လည်း မသိချင်ယောင်ဆောင်နေပေးမိ၏ သူပင်ပန်းလို့နေပါလိမ့်မည်။ သူ မရှိရင် ကျွန်တော့် ဘဝမှာ ဘာမှမရှိတော့တာကြောင့် ကျွန်တော် အများကြီးနားလည်ပေးထားသည်။
တီ~ တီ~

" ဟာ ....အကိုပြန်လာပြီ ''

ကျွန်တော် သူ့ကားရပ်နားရာနေရာသို့ အမြန်ပြေးလာခဲ့သည်။

" အကို ပြန်လာပြီလား? "

ကျွန်တော် သူ့ကားတံခါးအဖွင့်ကိုစောင့်၍ သူ့လက်ထဲက လက်ကိုင်အိတ်ကို ဆွဲယူကာဆီးကြိုလိုက်သည်။

" အကို ဒီနေ့ နောက်ကျ....''

ကျွန်တော် စကားမဆုံးလိုက် ကားတံခါးတစ်ဖက်ခြမ်းမှ ဆင်းလာသော မိန်းကလေးတစ်ယောက်

" ကိုကို....သူက... ? "

" အော်... သူက ကို့ ယောက်ဖ ''

"အော်......"

" ရတယ် ဒီနေ့ ငါ့အိတ်ငါသိမ်းလိုက်မယ် မင်းလဲသွားနားတော့လေ "

ကျွန်တော့် လက်မှာကိုင်ထားတဲ့ အိတ်လေးဆွဲယူသွားတာ ခံလိုက်ရတယ်။ နောက်ပြီး ဒီအိတ်ကလေးဟာ အစောက မိန်းကလေးလက်ထဲ ရောက်ရှိသွားခဲ့တယ်။ ကျွန်တော့် ကိုယ်ပိုင်အလုပ်လေး ကျွန်တော် လုပ်နေကျအလုပ်ကလေးတစ်ခုကိုတောင် လုယူခံလိုက်ရပြီလေ။

သိပ်စိတ်ပျက်ဖို့ကောင်း၏။

" မင်းသွားတော့ အခန်းထဲဝင်တော့လေ ''

MASK (  Editing  ) Where stories live. Discover now