MASK - 2

10.6K 707 9
                                    


Unicode

တဖွဲဖွဲထွက်လာသော ကျောင်းသားကျောင်းသူ အများအပြားကြား တစ်စုံတစ်ယောက် ထွက်လာခြင်းကို ကျွန်တော် စိတ်ရှည်ရှည်စောင့်နေမိတယ်။ နဂို စောင့်စားရတာ စိတ်ရှည်ရတာကို မကြိုက်တဲ့ကျွန်တော် ဒီနေ့တော့ စိတ်ရှည်စွာစောင့်စားရမည်။ ကျွန်တော် တော်တော်ကြာကြာစောင့်ပြီးမှ အာကာတရွေ့ရွေ့နဲ့ ထွက်လာခဲ့သည်။ ကျွန်တော်ကိုတွေ့တော့ သရဲတစ်ကောင်တွေ့သလို တအံ့တသြ အလန့်တကြားပင် .........

" မင်း ဘယ်တုန်းကတည်းက အဲ့လောက် နှေးကွေးသွားတာလဲ ? "

" ငါ ပုံမှန်ပါပဲကွာ "

" ပုံမှန်တို့ ချိုစိမ့်တို့ နောက်မှလုပ် ဟိုကောင်ကို ငါ့ကိုပြ "

" ဘယ်ကောင်လဲ ? "

" ချီးပဲ ...... မင်းကိုစာပေးတယ်ဆိုတဲ့ကောင် "

ကျွန်တော့်ပါးစပ်ကို သူ့လက်ဝါးတွေနဲ့ လှမ်းအုပ်လိုက်တယ်။ ပြီးတော့ ဘေးဘီဝဲယာကိုလဲ စိုးရိမ်တကြီးဝှေ့ကြည့်ပြန်တယ်။

" ဟာ ...... တိုးတိုးပြောပါကွာ မင်းကလဲ ဒါနဲ့ ဘာလုပ်မို့လဲ "

" ကြည့်ချင်လို့ "

" မကြည့်နဲ့ မရှိတော့ဘူး ပြန်ပြီ "

" နေပါဦး သူက မင်းထက်တစ်နှစ်ငယ်တာ အတန်းမတူဘာမတူနဲ့ သူ ပြန်သွားတာ မင်းဘယ်လိုသိလဲ ? "

" အဲ့ဒါ ........... "

" မင်းတို့ ရည်းစားဖြစ်နေပြီလား ? "

" သေပါလား ဘာရည်းစားတုန်း ? ရူးနေလို့ငါက ယောင်္ကျားချင်းကြိုက်ရမှာလား ? "

အဲ့ဒီအချိန် ကျွန်တော့်ရင်ထဲ ပျှော်ရွှင်ခြင်းအချို့ရယ် ဝမ်းနည်းစိတ်ပျက်ခြင်းအချို့ရယ် ရောလျင်ဖြတ်ပြေးသွားတယ်။ ဝမ်းသာခြင်းက သူရည်စားမရသေးတာရယ်၊ ဝမ်းနည်းခြင်းက ရူးနေလို့ ယောကျာၤးချင်း ကြိုက်ရမှာလား ဆိုတဲ့ စကားကြောင့်ရယ်။ ကျွန်တော် ဘာလို့ဒီစကားကို ဝမ်းနည်းသွားရသလဲ ကျွန်တော်တို့နှစ်ယောက် အနေနီးစပ်ပြီး သူ့အပေါ်အရမ်း သံယောဇဉ်တွယ်မိလို့ဖြစ်မှာပါ....

ကျွန်တော်က ငယ်ငယ်ကတည်းက ဖြူဖြူ စင်စင် လိမ်လိမ်မာမာ ကြီးပြင်းခဲ့တာထက် အကျင့်ပုတ်ပြီး အနိုင်ယူချင်စိတ်များများနဲ့ ကြီးပြင်းခဲ့တဲ့ကလေးဆို ပိုမှန်မယ်။ အာကာ့ကျောင်းကို အမြဲလိုက်ပြီး သူ့ကိုစိတ်ဝင်စားတယ်ဆိုတဲ့ ကောင်လေးကိုအမြဲရှာတယ် ဒါပေမဲ့တွေ့ခွင့်မရခဲ့ဘူး။ ကျွန်တော် အဲ့ကောင်လေးနဲ့သူ နီးစပ်သွားမှာ သိပ်ကြောက်နေခဲ့တာ သူကမကြိုက်ဘူး ဆိုပေမဲ့ပေါ့။ အကျင့်ပုတ်တဲ့ ကျွန်တော့်ကို ကံတရားက မျက်နှာသာတော့ပေးတယ်ဗျ။ အာကာရေချိုးနေတုန်း အဲ့ကောင်လေးဆီက ဖုန်းလာတယ် ရေချိုးခန်းက ထွက်လာခါနီးတဲ့ အာကာကြောင့် အခြေအနေကြည့်ပြီး တစ်ဖက်ကိုပြန်ပြောလိုက်ပေမဲ့ ဖုန်းနံပါတ် ကိုတော့ သေချာမှတ်ထားလိုက်တယ်။ ဒီလောက်ထိ ကပ်ပါးကောင်လို တွယ်ကပ်နေတဲ့ အဲ့ကောင်လေးကိုတော့ မြင်ဖူးချင်မိသည်။

MASK (  Editing  ) Where stories live. Discover now