UNICODE
ဒီနေ့မှာတော့ ဒီပါလေး စောစောနိုးသောကြောင့် မီးဖိုခန်စထဲ၀င်ကာပွေလီနေတော့သည်။ အန်တီမေ၏ မနက်စာ အဆင်သင့်မဖြစ်သေးသော်ညား ဒီပါ စောစောစီးစီး ဗိုက်ဆာနေသောကြောင့်ဖြစ်သည်။ မနက်စာ Coffeeကိုလဲ ဒီပါ့ စိတ်တိုင်းကျနှပ်၍ ဘုန်းဓနအား သောက်စေချင်သောကြောင့် အန်တီမေကို ဈေးသွားရန်သာ ဆော်သြလိုက်သည်။
" ဖြစ်ပါ့မလား သားလေးရယ်။ အန်တီ ဘာမှမလုပ်ပေးရသေးဘူးလေ သားလေးဗိုက်ဆာနေမှာပေါ့။ သားအတွက် မြန်မြန် Coffeeနှပ်ပေးပါ့မယ်။ အန်တီ ပေါင်မုန့်မီးကင်တာ ဖြစ်ဖြစ် ဘာဖြစ်ဖြစ်လဲ လုပ်ပေးမယ်လေ။ သား ဘာစားချင်လဲ ပြော "
" ကောက်ညှင်းပေါင်း ပူပူလေး....... "
အိမ်ရှေ့မှ ဈေးသည်၏ အောင်မြင်လှသည့် အသံကြောင့် ထိုကောက်ညင်းပေါင်းကိုစားချင်စိတ်ထိန်းမရချေ။ ထိုအသံကြားသောအခါ
" ကောက်ညှင်းပေါင်း ကောက်ညှင်းပေါင်း စားမယ် အန်တီမေ သားကို ဝယ်ပေး "
" အေး အေး..... "
" ကောက်ညှင်းပေါင်းသည် နေပါဦး.... "
ထိာအသည်အား အိမ်ထဲမှတဆင့် အော်ခေါ်လိုက်သော အန်တီမေ ၏ အောင်မြင်သော အသံသည်လဲ မခေလှပေ။ ထိုအသံကြောင့်ပင် ဒီပါဟာ ဇက်ကလေးပင်ပုဝင်သွားရတော့သည်။
" အန်တီမေ... အန်တီမေ.... ၃ယောက်စာ ဝယ်ပေးနော် "
" ဟင်? "
" အန်တီမေရယ် ကျွန်တော်ရယ် ကိုဘုန်းရယ် အတွက် "
" အော်... အေးပါဟဲ့ "
" ပဲပေါင်းပါဝယ်ခဲ့နော် အကိုကကြိုက်တယ် "
ကျွန်တော့်၏ မနက်စာ စီစဉ်မှုအတွက် ရင်ခုန်ရခြင်း အတွေ့အကြုံသစ်ပင်ဖြစ်သည်။
" အန်တီမေသောက်ဖို့ပါ သားပိုနှပ်လိုက်ရမလား? "
" နေပါ သားရယ် အန်တီမေက Coffeemixပဲကြိုတယ် သားတို့ဟာကြီး မကြိုက်ပါဘူးတော် "
" ဟာ...အန်တီမေကလဲ အဲ့coffeemixတွေက ကျန်းမာရေးအတွက် လုံးဝမကောင်းဘူးဗျ။ သောက်ချင်ရင် ဒါသောက် "
" တော်ပါအေ.... ကျန်းမာရေးမကောင်းလဲ မတတ်နိုင်ပေါင်။ အရသာရှိရှိလေးတော့ သောက်ပါရစေကွယ်။ ကိုယ့်ဘာသာကိုယ် ဖျော်ပြီးပြီ။ ဒါစားပြီး ဈေးသွားမယ် သားလေး ဘာစားချင်လဲ အန်တီ ဘာချက်ပေးရမလဲ "
YOU ARE READING
MASK ( Editing )
RomanceBehind every mask there is a face, and behind that a story !!! လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်ထားတတ်ကြစမြဲ .... လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်...