Unicode
" ဒီပါကိုတို့ လက်ဖက်ရည်ဆိုင် သွားထိုင်ကြရအောင် ကိုတို့ စကားပြောကြရအောင် "" အင်း ... သွားမယ်လေ "
ဒီပါဟာ ကားသော့လေးကို အပြေးအလွှားယူကာ ဘုန်းဓနနှင့်အတူ ထွက်လာခဲ့ကြသည်။ ဘုန်းဓနညွှန်သည့်ဆိုင်ဖြစ်တာကြောင့် ဒီပါ့အတွက်အဆင်မပြေချေ။ သာမာန်ရပ်ကွက်အတွင်းရှိ သူများလာထိုင်ကြသည့် ဆိုင်ဖြစ်သည့်အလျောက် အသက်အရွယ်စုံလူများ ပွဲစားဟုထင်ရသောသူများ၏ စကားစမြည်ပြောဆိုသံနှင့်အတူ စာပွဲထိုးလေး၏ ပေါ့ဆိမ့် ပုံမှန် ချိုစိမ့် အစရှိသောအော်သံမျိုးစုံသည်လဲ ဆူညံလို့နေသည်။
ဘုန်းဓနသည် သူ မှာထားသော လက်ဖက်ရည် ပေါ့ဆိမ့်တစ်ခွက် နှင့် ဒီပါ့၏ ပုံမှန်တစ်ခွက် ရှေ့ရောက်သည့်အခါ လေးနက်စွာစကားစသည်။" ကို ညီနဲ့ပတ်သက်တဲ့ အကြောင်းအရာ အချို့ကို ကိုကြားမိထားတယ် "
" ဗျာ ? ဘာကိုလဲ
" Sorry နော် ကို မေးမယ် ညီက Gayတစ်ယောက်ဆို ?"
" ........... "
ဒီပါ့ထံမှအသံတို့တိတ်ဆိတ်လို့နေ၏။
" ကို အဲ့လိုမေးလို့ ညီ့အပေါ်အထင်သေးမယ် မထင်လိုက်နဲ့နော်။ လူတိုင်းမှာ ကိုယ်ပိုင် ခံစားချက်ရှိတာ ကိုနားလည်တယ် "
" ....... "
" ကို နားလည်ပေးနိုင်တယ် အဲ့ဒါကြောင့် ကိုနဲ့အရာရာတိုင်ပင် ရင်ဖွင့်လို့ရတယ် ဟုတ်ပြီလား မင်း အာကာ့အပေါ် ဘယ်လိုခံစားချက်ရှိလဲ ဆိုတာက အစ သိတယ် "
" ဟာ .... "
အလန့်တကြားမော့ကြည့်လာသော ဒီပါ့အား ဘုန်းဓနဟာ မျက်ခြေမပြတ် လေ့လာသည်။
" ဘာလဲ .... ခံစားချက်ရှိတာ မဟုတ်ဘူးလား "
"ဘယ်လိုပြောရမလဲ ဗျ။ အကိုထင်တာ ဟုတ်တယ်လို့ပြောရမှာပဲ "
" ကို တော့ ဝမ်းနည်းစရာပဲ "
" ဗျာ ?"
" ဘာမှမဟုတ်ဘူး.. . ကို နေတတ်သလိုနေပါ။ ကို့ ခံစားချက်နောက်ကိုပဲလိုက်ကြည့် ပျော်ဖို့ကောင်းတယ်"
YOU ARE READING
MASK ( Editing )
RomanceBehind every mask there is a face, and behind that a story !!! လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်ထားတတ်ကြစမြဲ .... လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်...