MASK - 16

5K 511 37
                                    


UNICODE

တစ်ခါတစ်ရံ ကျွန်ုပ်တို့မုန်းချင်သော အရာတစ်ခုသည် ချစ်ခင်ရသောအရာတစ်ခုထက်ပင် ကျွန်ုပ်တို့ဦးနှောက်ထဲ၌ ထုထည်ကြီးမားစွာ နေရာယူနေကြတတ်သည်။

" အန်ကယ် ကျွန်တော်တို့ပြန်ရအောင် "

" ငါ ငါ့သမီးလေးအနားမှာနေချင်သေးတယ် မပြန်ချင်သေးဘူး "

ဥိးရှိုင်းဥက္ကာဟာ ရတီ့လက်များကိုကိုင်ရင်း ရုပ်အလောင်းနာတွင်သာ ငိုကြွေးနေတော့သည်။

" အိမ်မှာပြင်ဆင်စရာတွေ...."

" မောင်ဓန မင်းကိုပဲအားကိုးမယ်ကွာ .... မင်းလဲ ပင်ပန်း နေမှာ သိပေမဲ့ အခုချိန် အန်ကယ်ဘယ်လိုစိတ်နဲ့မှ ဒီကိစ္စတွေမလုပ်နိုင်တာကြောင့် ကူညီပေးပါကွာ "

" ဒါဆိုကျွန်တော်ပြန်လိုက်မယ်နော်...."

ဓနဟာ ဦးရှိုင်းဥက္ကာအား နှုတ်ဆက်ပြီးသည်နှင့် အိမ်အမြန်ပြန်ရန်ပြင်ဆင်တော့သည်။ အိမ်ကပြင်ဆင်စရာတွေထက် ကျွန့်တော့စိတ်တွေဟာ တစ်ယောက်တည်းကျန်နေခဲ့သည့်အိမ်ကကောင်ငယ်လေးဆီသို့သာဦးတည်နေသည်ကို ကျွန်တော်ကိုယ်တိုင်သာ အသိဆုံးဖြစ်ပါလိမ့်မည်။

ခြံဝန်းထဲကားထိုးရပ်လိုက်သည်နှင့် မြင်ရသည်က ထင်သည့်အတိုင်း မှောင်မဲနေသော ထိုကောင်လေးရဲ့အခန်း။ အိမ်ထဲက လှေကားထစ်တွေတက်သည်အထိ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ ကျွန်တော့် စိုးရိမ်စိတ် ဒီဂရီတွေမြင့်တက်လာ၍ ဒီပါ့၏ အခန်းဆီအပြေးအလွှားသွားလိုက်မိသည်။ အခန်းတံခါးဖွင့်သည်အထိတိတ်ဆိတ်မှောင်မဲနေဆဲ။ နံရံလေးမှာကပ်လျှက်ရှိသော မီးခလုပ်လေးဖွင့်လိုက်ချိန် မြင်လိုက်ရသည်က....မည်သူမျှမရှိတော့သော အခန်း။ ဘယ်ရောက်သွားပါလိမ့်။ စိုးရိမ်စိတ်တွေ ငယ်ထိပ်တက်ဆောင့်တယ်ဆိုတာ ဒါမျိုးထင်သည်။

" ဒီပါ....ရှိုင်းဒီပါအောင်... ဒီပါ.. ဘယ်မှာလဲ "

ထိုအခန်းငယ်သည် တိတ်ဆိတ်မှုဖြင့်သာ ကျွန်တော့်ကိုတုန့်ပြန်နေသည်။

" ဒီပါ.... "

" ဟင့်.. "

ရှိုက်ငိုသံ သဲ့သဲ့လေး တစ်သံ။ အင်မတန် တိုးညင်းလွန်းလှသည်။

MASK (  Editing  ) Where stories live. Discover now