Unicode Version
ဘုန်းဓနသည် ရုံးတက်ရက်တွေတိုင်း တာဝန်ကျေအောင် အလုပ်လုပ်သည်။ စေ့စပ်သေချာတယ်ဆိုတဲ့ စကားတွေကြောင့် ဦးရှိုင်းဥက္ကာရဲ့ ယုံကြည်မှုတွေကိုလဲ တစ်ပုံကြီးရခဲ့ပါတယ်။ ဘုန်းဓနကြိုးစားနေပါတယ်။ တစ်ယောက်သောသူအတွက်သာဖြစ်ပါသည်။
ဘုန်းဓနဟာပိတ်ရက်တွေ အလုပ်အားချိန်တွေဆိုရင် အာကာနဲ့ဦးလေးဆီ အလည်သွားတတ်တယ်။ ဒါပေမဲ့ ထိုအချိန်တွေဆိုရင် အာကာကကျွန်တော့်အပေါ် ခပ်စိမ်းစိမ်းဖြစ်နေတတ်တယ်။ အရမ်းခံစားရပေမဲ့ ကျွန်တော်က သူ့ကိုမြင်နေရရုံနဲ့ ကျေနပ်နေရသူကိုး။ ဒီနေ့တော့ ကျွန်တော်မကျေနပ်နိုင်ဘူး အားလပ်ရက် အာကာ့အိမ်ကိုလာတော့ ဒီပါပါပါလာခဲ့တယ်။ ကျွန်တော်နဲ့ဆိုရင် စကားနည်းပြနေတဲ့ အာကာဟာ ဒီပါနဲ့ ရေပက်မဝင်အောင် စကားပြောနေလေရဲ့။ သူတို့တစ်ချက်ရယ်လိုက်တိုင်း ကျွန်တော့်နှလုံးသားကို ဓားနဲ့တစ်ချက်ထိုးသလိုပဲ။ တစ်ချိန်က အာကာ့ရဲ့အပြုံးတိုင်းဟာ သက်ဝင်လှပပြီး ပျော်ရွှင်စေခဲ့ပေမဲ့ ယခုသူများကို ပေးတဲ့အပြုံးဟာ ကျွန်တော့်အတွက် လောင်စာလိုပဲ ရင်ထဲတွင် မီးလောင်အောင် အားပေးလို့နေလေသည်။
" အာ .... အကို ခဏနော် "
" အင်း "
ဒီပါဖုန်းပြောဖို့ အပြင်ထွက်သွားသည်အထိ ခပ်ပြုံးပြုံးလိုက်ကြည့်နေသော အာကာ့အကြည့်တို့ကို ကျွန်တော်မကြိုက်။
ဝုန်း ~
ဘုန်းဓနဟာ အာကာ့လက်ကိုဆွဲ၍ အခန်းထဲဆွဲခေါ်ကာ တံခါးကိုပိတ်လိုက်သည်။
" ဘာလဲ .. ဓန "
မေးခွန်းတွေမေးနေတဲ့သူ့ကို ကျွန်တော့်ရင်ခွင်ထဲထည့်ပြီး ဖက်ထားလိုက်တယ်။ စစချင်းမှာ ငြိမ်နေပေမဲ့ နောက်ပိုင်းတွန်းထိုးလာတဲ့သူ။
" ဖယ် ဟေ့ကောင် ငါပြောနေတယ်နော် ဓန "
" မင်းကိုချစ်တယ် "
" ရူးနေလား "
သူ တွန်းဖယ်လေလေ ကျွန်တော်သူ့ကို ပိုပြီးတင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလေလေပါပဲ။
" လွှတ်နော် အဖေနဲ့ဒီပါရှိတယ် "
" ငါသိတယ် "
YOU ARE READING
MASK ( Editing )
RomanceBehind every mask there is a face, and behind that a story !!! လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်ထားတတ်ကြစမြဲ .... လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်...