MASK - 32

3.2K 282 24
                                    

" အာကာရေ ဒီပါ့ကို တစ်ချက်လောက် လာကြည့်ပေးပါလား? သူနေမကောင်ဘူး ထင်တယ် ''

" ဟတ် ''

စိုးရိမ်တကြီးလာခေါ်ပြန်သည့် ဘုန်းဓန၏ ခေါ်သံကြောင့် အာကာတစ်ချက်မဲ့ပြုံးပြုံးလိုက်၏။

" ကောင်းပြီ ငါလာခဲ့မယ် အခန်းထဲကပဲစောင့် ''

..................................................

" မင်း လူမဟုတ်လား လူလိုပဲ ဆက်ဆံသင့်တယ် စာနာစိတ်လေးထားပေါ့ ဒါသူသောက်ရမဲ့ဆေး အခုသွင်းထါးတဲ့ ဆေးကုန်ရင် ငါ့ကိုလာခေါ် ''

အခန်းတံခါး လက်ကိုင်ဖုလေးပေါ် လက်တင်လိုက်စဉ် အနောက်ဘက်မှ လှမ်းဆွဲလာသော လက်တစ်စုံ။

" အာကာ မင်း ငါ့ကို စိတ်ဆိုးနေတာပြေပါတော့ ''

" ငါက စိတ်ဆိုးတယ်? မင်းဘာကို ကြည့်ပြီးပြောတာလဲ ငါစိတ်မဆိုးပါဘူး "

" အခုမင်း စိတ်ဆိုးနေတာ သိသာတယ်လေ ''

" စိတ်မဆိုးပါဘူး စိတ်ဆိုးရအောင် မင်းငါ့ကို ဘာမှမလုပ်သလို ငါတို့ကဘာမှမပတ်သတ်ဘူး ''

" အာကာ.....''

" ငါဘာကို စိတ်ဆိုးရမှာလဲ? "

ဘုန်းဓနသည် အာကာ့၏ကျောပြင်လေးကိုသာ အားကိုးတကြီးဖက်တွယ်ထားမိသည်။

" အာကာ မင်း ကို့ကို အဲ့လို သူစိမ်းဆန်ဆန်စကားတွေ မပြောပါနဲ့ ငါတောင်းပန်ပါတယ် ပြီးတော့ ငါ့ကို အဲ့လိုမကြည့်ပါနဲ့ ငါမခံစားနိုင်ဘူး ''

" ဒီလိုတွေမလုပ်ပါနဲ့ မင်းရဲ့ချစ်သူကနေကောင်းတာမဟုတ်ဘူး အခန်းထဲမှာ သူရှိတယ်လေ သူကြားသွားရင် တစ်မျိုးထင်မယ် ''

" ထင်ပါစေ ငါသူ့ကိုမချစ်ဘူး ငါချစ်တာ မင်းဆိုတာမင်းသိသားနဲ့ ''

" ပါးစပ်ပိတ် မင်းပါးစပ်ကနေ ငါ့ကိုချစ်တယ်ဆိုတဲ့စကား ထပ်မကြားချင်ဘူး တောင်းပန်တယ် ထပ်မပြောပါနဲ့ သေချာစဉ်းစားပြီးပြော မင်းငါ့ကိုမချစ်ပါဘူး ''

" မင်းတစ်ယောက်တည်း...''

" မင်းသာငါ့ကို ချစ်ရင် အခုလိုမင်းနဲ့ဆက်ဆံထားတဲ့သူကို လာကြည့်ခိုင်းမှာမဟုတ်ဘူး
သေချာပြန်စဉ်းစား မင်းအစောက စိုးရိမ်နေတဲ့မျက်လုံးတွေကို ငါမြင်ရတယ် မင်းစိတ်ကို မြင်အောင်ပြန်ကြည့်ပါ အတိတ်က ငါ့ကိုချစ်ခဲ့တယ်ဆိုတဲ့ ပုံရိပ်ကို ဖယ်ထုတ်လိုက် အခုလက်ရှိ မင်းရင်ထဲ ဘယ်သုရှိနေလဲ မြင်အောင်ပြန်ကြည့်ပါ။ ငါမင်းကို အချိန်လွန်မှ နောင်တထပ်မရစေချင်ဘူး။ ငါတကယ်စိတ်ရင်းနဲ့ မင်းကိုငြိမ်းချမ်းစေချင်တယ်။ ''

MASK (  Editing  ) Where stories live. Discover now