Unicode
" ဥက္ကဌကြီးရှင့် ဥက္ကဌကြီးဆီ ပါဆယ် ရောက်လာလို့ပါ "
" အင်း... စားပွဲပေါ်တင်ခဲ့ပါ "
" ဟုတ်ကဲ့ "
ကြီးမေသည် သူမ၏လက်ထဲရှိ ပါဆယ်ထုတ်ထူထူကလေးတစ်အိတ်အား စားပွဲပေါ်သို့တင်ခဲ့လိုက်သည်။
ယခု ဖြစ်ပျက်နေသော အဖြစ်အပျက်များကြောင့် ကျန်းမားရေး အခြေအနေ ပိုဆိုးလာတယ်ဟု ဒေါက်တာကတော့ပြောသည်။ ထို့ကြောင့် ထိုအကြောင်းအရာများကို စိတ်တအားမနှစ်ထားရန် စိတ်ဖိစီးမှုမပြင်းထန်ရန် ဆရာဝန်မှ ဖြောင့်ဖျသော်လည်း ဦးဥက္ကာသည် မည်သို့မျှ စိတ်မအေးနိုင်။ ထိုအရာများအားလုံး ပိုင်ဆိုင်မှုများ အားလုံးသည် ဘဝနဲ့ရင်းပြီး ရှာဖွေထားရသည်မို့ အနညမးငယ်မျှအတိမ်းအစောင်းမခံနိုင်ချေ။ လူတိုင်း လူတိုင်းတွင် ကိုယ့်ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လျှင် လူတိုင်း စိုးရိမ်ကြမည်မှာ ဧကန်မလွဲ။ သေရင် ကိုယ့်နောက်မပါပါဘူး စိတိအေးပါဆိုတာ တစ်ပါးသူကို နှစ်သိမ့်စကားပြောဖို့ရန် သက်သက်မျှသာဖြစ်သည်။
ဦးဥက္ကာသည် ပြတင်းပေါက်ကို မျက်နှာမူ၍ ခြံအပြင်ငေးကြည့်နေရင်းမှ ထိုပါဆယ်အိတ်ထုတ်ရှိရာသို့ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။ ထို အဝါရောင်ပါဆယ်ထုတ်ပေါ်တွင် မည်သည့်စာမျှရေးမထားပေ။ ကုမ္ပဏီနဲ့များ သက်ဆိုင်နေမလား? ထိုစာအိတ်အဝါရောင်လေး ဖွင့်ဖောက်လိုက်သည်နှင့် စာတစ်စောင် နှင့်တကွ ခပ်တောင့်တောင့်ကလေးဖြစ်နေသော နောက်ထပ်စာအိတ်တစ်အိတ် ပါရှိသည်။
ဥက္ကဌကြီး ....
ခင်ဗျားသမီးသေဆုံးမှုက သွေးရိုးသားရိုးလို့ထင်လား။ ခင်ဗျားသမီးမသေဆုံးခင်က ဥက္ကဌကြီးရဲ့ သားမက်နဲ့ သား ဖောက်ပြန်တာကို မျက်မြင်ကိုယ်တွေ့ သူခံစားခ့ဲရဖူးတယ်။ နောက်တစ်ခါ လက်ပူးလက်ကြပ်မိပြီး လှေကားကနေပြေးအဆင်း လှေကားကနေပြုတ်ကျပြီး သေဆုံးခ့ဲတာ။ သူ သိပ်သနားဖို့ကောင်းတယ်။ ခင်ဗျား ခင်ဗျားသားနဲ့ သားမက်ကို ခွင့်လွှတ်လား? အခု ခင်ဗျားကုမ္ပဏီမှာ ဖြစ်နေတ့ဲ အခက်အခဲတွေကရော သွေးရိုးသားရိုးလို့ထင်လား။ သက်သေဓာတ်ပုံတွေပါ ပို့ပေးထားတယ်နော်။
YOU ARE READING
MASK ( Editing )
RomanceBehind every mask there is a face, and behind that a story !!! လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်ထားတတ်ကြစမြဲ .... လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်...