MASK - 3

8.8K 639 11
                                    


Unicode

၅နှစ်ကြာပြီနောက် .............

" မောင် ...... ဒီနေ့ သဲရဲ့မောင်လေးပြန်လာမှာ သွားကြိုမလို့ သဲကိုလိုက်ပို့ပေးပါလားဟင် ? "

" ဘယ်အချိန်လဲ "

" ညနေ ၄နာရီပါ "

" ကို ... အပြင်သွားဖို့ရှိတယ် "

" မဖြစ်မနေ လိုက်ခဲ့လို့မဖြစ်ဘူးလား မောင်ရယ် မောင်နဲ့သဲမောင်လေးကို အရမ်းမိတ်ဆက်ပေးချင်လို့ပါ။ သူ့လဲ အရမ်းပျော်သွားမှာ "

ဘုန်းဓန၏ မျက်ခုံးထူထူနှစ်ဖက်မှာထိကပ်သွားသည်အထိစုကြုံ့သွားသည်။ သူမိန်းမတွေကို စိတ်မရှည်တာ ဒီလိုပစိပစပ်များခြင်းကြောင့်ပင်ဖြစ်သည်။ သို့သော် လိုက်ရောရမည့်ကိစ္စတွေဟာလဲရှိနေပြန်သည်။

" အင်းပါ အင်းပါ မောင် လေဆိပ်ကိုလာခဲ့မယ် "

......

ရတီကတော့ ၅နှစ်ကြာခွဲခွာနေရတဲ့ သူမချစ်သော မောင်ငယ်လေးနဲ့တွေ့ရမှာမို့ အပျော်ကြီးပျော်နေလေရဲ့။ သူမတစ်ချက်လေးတောင် ငြိမ်ငြိမ်မနေနိုင်ခဲ့ပေ။

အနီရောင် Luggage ကိုဆွဲပြီးထွက်လာသော ကောင်လေးတစ်ယောက်ကို မြင်တော့ ခုန်ပေါက်ပြီးလက်ပြနေလေရဲ့။ သူမပြုံးပျော်ကာ ကြည့်နေသော ထိုကောင်လေးကိုလှမ်းကြည့်လိုက်တယ်။ ထိုကောင်လေးက အသားဖြူဖြူး ပိန်ပါးပါးလေးရယ်။ ဖြူသောအသားရေနှင့် လိုက်ဖက်စွာ အဝါရောင် ဆံပင်ရောင်လေးက နေရာယူထားပြန်သည်။ အပြစ်ကင်းစင်တဲ့ မျက်လုံးလေးတွေကတော့ ရတီနဲ့တစ်ပုံစံတည်း။ ရတီ့ကိုမြင်တော့ ပြေးလွှားထွက်လာပြီး ဆွဲဖက်လိုက်တယ်။ ထိုအချိန်ထိ ထိုကောင်လေးက ကလေးတစ်ယောက်ပဲ။

" မမရယ် သတိရလိုက်တာ ...... "

" မမရောပါပဲ .... ငါ့မောင်လေး ချောလာလိုက်တာ "

" ဟားဟား .. ဖားစရာမလိုဘူး လက်ဆောင်ပါပါတယ်ဗျ "

မမြင်ရတာကြာသောမောင်နှမနှစ်ဦးဟာ ပွေ့ဖက်နှုတ်ဆက်နေကြရင်း တစ်ဖက်မှာ မတ်တပ်ရပ်နေသော လူအား ဒီပါတစ်ချက်ငေးကြည့်လိုက်သည်။ ဤသည်ကိုသိသော ရတီက မိတ်ဆက်ပေးရန် ဟန်ပြင်တော့သည်။

MASK (  Editing  ) Where stories live. Discover now