ကျွန်တော် ခင်မင်ခဲ့ဖူးသော ဖြူစင်လွန်သူမဟုတ်တောင် စိတ်ထားလှခဲ့သည့် ကောင်လေးတစ်ယောက်က လူတစ်ယောက်အပေါ် ထိုကဲ့သို့ ရက်စက်စွာအနိုင်ကျင့်တတ်သူဖြစ်လာလိမ့်မည်ဟု တွေးတောင်မတွေးဖူးဘူး။ အခုလဲ သူ့ရဲ့ချစ်ပါတယ်ဆိုတဲ့ စကားက အခြားလူတစ်ယောက်နဲ့ အိပ်ယာပေါ်မှာကိုယ်လက်နှီးနှောပြရင်း နင်းချေခဲ့ပြန်သည်။ ကျွန်တော် သူ့ကို ယုံကြည်သင့်ပါရဲ့လား? ကျွန်တော် ဘဝကိုရိုးရှင်းစွာပဲဖြတ်သန်းချင်ခဲ့သည်။ ယခုကဲ့သို့ ရှုပ်ထွေးမှူတွေထဲမပါဝင်ချင်ပါ။ သို့သော် ယခုအချိန်တွင်မူ ၎င်းအရှုပ်အထွေးများကြား ကျွန်တော် တစ်စတစ်စ ဝင်ရောက်လာခဲ့ပြီသည်။
ထိုလူနှစ်ဦး၏ ရမက်ပြင်းပြင်းကူးခတ်မှုကို အာကာသည် အိမ်အောက်ထပ်ရှိ ဧည့်ခန်းတွင်သာထိုင်စောင့်ပေးနေလိုက်တော့သည်။ ကျွန်တော် စိုးရိမ်မှုကြောင့် စောပြန်လာမိသော်လည်း ၎င်းစိုးရိမ်မှုတို့အကြုံးမဝင်ခဲ့ချေ။ ဘေးလူတစ်ယောက်အနေဖြင့် ထိုင်စောင့်ပေးနေခြင်းသည်ကသာ အကောင်းဆုံးဖြစ်လေသည်။ ကျွန်တော် အချိန်မှားရောက်လာခဲ့ခြင်းဖြစ်သည်။ အချိန်အတော်ကြာ ကျွန်တော် ထိုင်နေမိသည်။ အခုအတူရှိနေကြသည်က ကျွန်တော့်ကို ချစ်ပါတယ်ဟု ဖွင့်ဟခဲ့သူနှစ်ဦး။ လောကကြီးကသိပ်တော့ရယ်စရာကောင်းသား။ ဒါမှမဟုတ် ကျွန်တော့်ကိုပဲ စော်ကားသလား? အတွေးများဖြင့် ရှုပ်ထွေးဆဲပင်ဖြစ်သည်။
ထိုအချိန် အနည်းငယ် ဖရိုဖရဲ ဝတ်စား၍အပေါ်ထပ်မှဆင်းလာသော ဘုန်းဓန။
" အာ...အာကာ ပြန်ရောက်ပြီလား? ဘာထိုင်လုပ်နေတာလဲ? "
" မင်းတို့ကို စောင့်နေတာ။ ငါအပေါ်တက်လာရင် မင်းတို့ အနှောက်အယှက် ဖြစ်မှာစိုးလို့ပါ။ အခုပြီးကြပြီလား? ငါအပေါ်တက်လာလို့ရပြီလား?''
" အာကာ မင်းဘာဖြစ်နေတာလဲ? မင်း... မင်းသိသွားတာလား''
" အရမ်းလန့်သွားတာလား? သိသွားတာမဟုတ်ဘူး။ မင်းတို့က အခန်းတောင်သေချာမပိတ်နိုင်တော့ မြင်လိုက်တာ ပင်ပန်းနေမှာပဲ နားလိုက်တော့လေ ငါလဲ အခန်းပြန်နားဦးမယ် ''
YOU ARE READING
MASK ( Editing )
RomanceBehind every mask there is a face, and behind that a story !!! လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်ထားတတ်ကြစမြဲ .... လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်...