MASK - 13

5.7K 474 23
                                    

UNICODE VERSION

"ရှင့်ရဲ့ တရားဝင် ဇနီးမယားက ရှင့်ရှေ့မှာထိုင်နေတဲ့ ကျွန်မဆိုတာကို အသိအမှတ်ပြုသေးရဲ့လား ကို "

" အင်း....မင်း ဘာဖြစ်နေတာလဲ ရတီရာ အာရုံနောက်စရာကောင်းလိုက်တာ? "

" ကို "

" အင်း......."

ဘုန်းဓနဟာ သူ လက်မှာကိုင်ထားတဲ့ စာအုပ်ကနေအကြည့်မပျက် ဒီပါလေးနဲ့ စကားပြောရင် အဲ့လိုပြုမှုတတ်ဖူးရဲ့လားဟုသာ ရတီနာနာကြည်းကြည်းတွေးမိတော့သည်။

" ကို....ရတီ့ကိုကြည့် ပြောစရာရှိတယ် "

" ပြောလေ ကို နားထောင်နေတယ် "

" ကျွန်မတို့ အိမ်ထောင်သက်လဲရှည်နေပြီ ကျွန်မတို့ ကလေးယူကြရအောင် "

" ဘာ.....ရတီ ဘာပြောတယ် "

ကလေးယူမည်ဟူသောစကားပြောမှသာ ရတီကို ကြည့်လာတော့သည်။

" ကလေး...... ကလေးယူကြရအောင်လို့ "

" မင်းမှာ...... တခြားပြောစရာမရှိဘူးလား? "

" ဟင့်အင်း ရှင်ဘာလို့ကလေးယူကြဖို့ပြောတိုင်း ဒီလောက် ခါးခါးသီးသီးဖြစ်နေရတာလဲ ကိုဘုန်းဓန ဘာလဲ? ရှင့်မှာ နောက်တစ်ယောက်များရှိနေလို့လား? "

လိမ်ပါ လိမ်လိုက်စမ်းပါ။ မျက်မြင်ကိုယ်တွေ့ပေမဲ့ ရှင့်ပါးစပ်က အလိမ်အညာတွေ ထွက်လာရင်အောင် မျက်စိမှိတ်နားပိတ်ပေးဦးမှာမို့ ကျွနမမကို လိမ်လိုက်စမ်းပါ......

" ........... "

ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းတဲ့လား။ ရှင်အဲ့လို့ နှုတ်ပိတ်မနေပဲ ကျွန်မကို လိမ်လိုက်စမ်းပါ..

" ဖြေလေ..... နောက်တစ်ယောက်များ ထပ်တွေ့နေသလားလို့ "

" မဟုတ်ဘူး "

ရှင့်ရဲ့ ဒီအလိမ်အညာမမြောက်တဲ့ အလိမ်အညာစကားအတွက် ကျွန်မကျေနပ်ပါတယ်။

" နောက်ထပ် ထပ်တွေ့တာမဟုတ်ဘူး။"

" မင်းနဲ့လက်မထက်ခင်က တွေ့ခဲ့တာ "

ကျွန်မရဲ့ ရင်ကိုအစိမ်းလိုက်နှုတ်နှုတ်စင်းလိုက်တာပဲလား ကို။ အလိမ်အညာခံချင်သူအတွက် နည်းနည်းတောင် မလိမ်ပေးနိုင်ဘူးလားကိုရယ်။ မင်္ဂလာဆောင်အတွက် ဒီပါလေးကို ပြန်ခေါ်တာ ဘဝအတွက် အကြီးဆုံးအမှားဖြစ်ခဲ့ရပြီ။

MASK (  Editing  ) Where stories live. Discover now