MASK - 27

5K 474 37
                                    


Unicode Ver

ကျွန်တော် ဘယ်လောက်အကြာကြီးထိ အိပ်စက်နေခဲ့မိသည်မသိ။ ဖွင့်လိုက်သော မျက်ခွံမှတဆင့် အလွန် စူးရှသော နေအလင်းရောင်များတိုးဝှေ့လာကြသည်၊၊ အလင်းရောင်ကြောင့် စူးသွားသော မျက်လုံးများကို ပွတ်သတ်၍ ကိုက်ခဲနေသော ခေါင်းကို နှိပ်နယ်ရန် လက်တို့အလှမ်း တစ်ခုခု ကိုင်ဆွဲထားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ကြောင့် ကျွန်တော့် လက်တို့ရှိရာသို့် လှမ်းကြည့်လိုက်စဉ် မထင်ထားသော မြင်ကွင်းတစ်ခုသည် ကျွန်တော့် မနက်ခင်းတိုင်းကို ပြည့်စုံသွားစေသည်။ ကျွန်တော့် လက်များကို ဆုပ်ကိုင်ကာ ကုတင်ကိုခေါင်းအုံးရင်း ထိုင်လျှက် အိပ်မောကျနေသော ကိုဘုန်းဓန။ ယခုကဲ့သို့ အိပ်စက်မှုအတွက် သူ ခါးများနာနေလောက်သည်။ ကျွန်တော်သည် အခြားသူတစ်ယောက် နာကျင်မှုကို ကျေနပ်နေတတ်သူမဟုတ်ပေမဲ့ ယခုကဲ့သို့ သူ့အပြုအမူကြောင့် နာကျင်ရမည်ကိုပင် ကျွန်တော် ကျေနပ်နေမိပြန်သည်။

" ခင်ဗျားက ကျွန်တော့်ကို လူဆိုးဖြစ်စေတယ်ဗျာ '

အာကာ့ ဘဝတစ်လျှောက် နေမကောင်းချိန်များတွင် ယခုကဲ့သို့ စောင့်ပေးသူမရှိခဲ့။ တစ်ယောက်တည်းသာ နေမကောင်းဖြစ်ပြီး တစ်ယောက်တည်းသာ နေပြန်ကောင်းအောင် ကြိုးစာရသည်။ အန်တီမေ ဂရုစိုက်ပေးပေးမဲ့ အခြားအလုပ်ရှိသူနစ်ယောက်က ယခုကဲ့သို့ တစ်ညလုံး စောင့်အိပ်မပေးနိုင်။ အချိနိပြည့်အနားမရှိနိုင်ခ့ဲပေ။ အခု ကျွန်တော် နေမကောင်းဖြစ်ရခြင်းအား ပထမဆုံး ပျော်မွေ့လာတတ်ပြီဖြစ်သည်။ ငယ်ငယ် သူငယ်ချင်များ နေမကောင်းဖြစ်ရတာကို ပျော်တယ်လို့ပြောကြတုန်းက ဒီလောက်အထီကျန်ဖို့ကောင်းတာကို ဘာလို့ပျော်လဲ စဉ်းစားမရခဲ့ပေ။ သူတို့ပြောတယ်။ သူတို့နေမကောင်းရင် မေမေက စားချင်တာတွေဝယ်ကျွေးမယ် ဖေဖေက လိုချင်တာတွေ ဝယ်ပေးမယ်လို့ပြောမယ် အနားကနေ အချိန်ပြည့် ကိုယ်ပူစမ်းပေးမယ် စာမကျက်ခိုင်းဘဲ အချိန်ပြည့် အိပ်နေရမယ်တဲ့။ ကျွန်တော် ဒါမျိုးတွေ မခံစားဖူးခ့ဲရတော့ ဒါတွေကို ပျော်စရာလို့ လုံးဝမတွေးမိခ့ဲချေ။ အခုတော့ ကျွန်တော် ခံစားရတ့ဲ နွေးထွေးမှု သေးသေးလေးကြောင့် ကျွန်တော် ပျော်တတ်လာသည်။

MASK (  Editing  ) Where stories live. Discover now