PART 39 ( Z + U)

2.8K 254 41
                                    

တင် ~ တင် ~

📩 De Par

.. နောက် ၁၅မိနစ်လောက်နေရင် သူ့အခန်းကို လာခဲ့ပါတဲ့ ကိုဘုန်းက စာပို့ခိုင်းလို့....

ဒီပါ့ ထံမှ ရရှိလာသော ထိုစာလေးကို အာကာသ  ဖတ်ပြီး စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။ ဘာလုပ်ဦးမလို့လဲ ဘုန်းဓနရာ ကိုယ်တိုင် ပို့လဲရတဲ့စာကို ကလေးကို ပို့ခိုင်းပြီး စိတ်ထိခိုက်အောင် လုပ်တယ်။

နောက် ၁၅မိနစ်အကြာမှာ ကျွန်တော် ဘုန်းဓန အခန်းသို့ သွားလိုက်သည်။ ထို့နောက် အခန်းရှေ့ထိ ကျယ်လောင်စွာကြားနေရသော ပုံမှန်မဟုတ်သည့်အသံများ။ ဖွင့်ဟထားသော တံခါးမှတဆင့် ထိုလူနှစ်ဦး၏ လှုပ်ရှာမှုများ....

ဒီမြင်ကွင်းကို တကူးတက ပြဖို့အတွက် စာပို့ခိုင်းတာလား ဘုန်းဓနရယ်။ မင်းကတော့ လူတစ်ယောက်ကို ဘယ်လို နာကျင်အောင် လုပ်ရမလဲဆိုတာ မင်းသိပ်ကျွမ်းကျင်တဲ့ ဘာသာရပ်တစ်ခုလိုပါပဲလား? အခြားသူတစ်ယောက်ကို ဂရုစိုက်ပြလဲ ဘာမှမဖြစ်တာသေချာလားဆိုတဲ့ မေးခွန်းကို လက်တွေ့ကျကျမေးပြသွားတာလားကွာ။

အာကာသည် မျက်ရည်များဖြင့်ပြေးထွက်လာခဲ့သညွ့အခါ အခန်းရှေ့ရပ်နေသော သူတစ်ဦးနှင့်ဆုံ၏။

"HI  Bro ...အကို ကိုအာကာမိုးသောက်မဟုတ်လား? "

" ဟုတ်ပါတယ် ဗျ ''

" Great to meet you အကို ကျွန်တော်က Steven ပါ။ ဒီပါရဲ့သူငယ်ချင်း အကို့ကိုတော့ ကျွန်တော်က ကောင်းကောင်းရင်းနှီးတယ်။ ကျွန်တော်တို့ Australia မှာကျောင်းတက်တုန်းက အကို့ပုံနေတွေခဏခဏမြင်ရတယ်။ အကိုကတော့ ကျွန်တော့်ကို သိမှာမဟုတ်ဘူး ''

" ဟုတ်ကဲ့ဗျ အားနာပါတယ် ''

" အာ...မဟုတ်တာဗျာ။ နေမကောင်းတာ အကိုလား? ကျွန်တော် ကြည့်ပေးမယ်လေ။ ဟိုကောင် ဒီပါရော? မတွေ့ဘူး ''

ဒီပါ့၏သူငယ်ချင်းဖြစ်သူအမေးကြောင့် အာကာသည် တုန်တုန်လှုပ်လှုပ်ဖြေလိုက်မိတော့၏။

" သူ..  သူမအားဘူး ''

" ဟာ... အဲ့ ထိုင်စားကောင်မအားတာမဖြစ်နိုင်ဘူး ကျွန်တော် တစ်ချက်သွားခေါ်လိုက်မယ် အဲ့ကောင်ကို ''

MASK (  Editing  ) Where stories live. Discover now