MASK - 18

4.7K 490 29
                                    

UNICODE

ဒီရက်ပိုင်း စိတ်ပင်ပန်းစရာတွေ မြောက်များစွာကြောင့် ကျွန်တော်ရောဒီပါပါစိတ်ပင်ပန်းစရာနေ့ရက်များ ဖြတ်ကျော်ခဲ့ကြရပြီးဖြစ်သည်။ ထိုကောင်လေး၏ စိတ်ကျရောဂါဝေဒနာကို ကုစားပေးရန်အလို့ငှါ ကျွန်တော်တို့ စိတ်ပြေလက်ပျောက် ကလပ်သို့ ထွက်လာကြခြင်းပင်။ တစ်ချိန်က ဖွေးဖွေးနုသောအသားအရေပေါ်တွင် ပနှံသင့်စွာတည်ရှိနေသော မျက်လုံး မျက်ခုံးနှင့် ပန်းနုရောင်နှုတ်ခမ်းလှလှလေးများဖြင့် အင်မတန်ကြည့်ကောင်းသော ထိုကောင်လေးသည် ကျွန်တော့်မျက်စိရှေ့တွင်ပင် ပိန်လှီသောအခြေနေဖြစ်နေရချေပြီ။ သူ၏ မျက်တွင်းညိုညိုများကလဲ မည်မျှလောက် စိတ်ပင်ပန်းရသည်ကို ဖော်ပြနေ၏။ ဖြူတယ်ဆိုတာထက် ဖျော့တော့သော အသားအရေသာကျန်ရှိတော့သောသူ။ ကျွန်တော် ထိုကောင်လေး၏ အခြေအနေကို မဆိုင်သော်လည်းစိုးရိမ်မိသည်ကအတိ။ မီးရောင်စုံစုံ တဖြတ်ဖြတ်လက်၍ ဆူညံသောတီးလုံးသံများဖြင့် အများသူငါကခုန်ပျော်မြူးနေကြသည်ကို ထိုကောင်လေး ဆိတ်ဆိတ်ငြိမ်၍သာ ထိုင်ကြည့်နေလေ၏။ ကျွန်တော် လိုချင်တဲ့ Result က ဒါမျိုးမှမဟုတ်တာ ဒီပါလေး ကခုန်ပျော်မြူးပြီး စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်သွားစေချင်မိသည်။ သူလေးလံနေသမျှစိတ်တွေ လွှတ်ချစေချင်မိသည်။ စျာပနပွဲကတည်းက မငိုဘဲတောင့်ခံထားခဲ့သော ထိုကောင်လေး၏ ရင်ထဲက အစိုင်အခဲအား အနည်းနှင့်အများ ပြေပျောက်စေချင်မိပါသည်။

" မင်းစွတ်သောက်နေမဲ့အစား စိတ်လွတ်ကိုယ်လွတ် သွား က လိုက်ပါလား "

ဒီပါသည် ဘုန်းဓနအား ဖျော့တော့သော အပြုံးတစ်ခုသာ တုန့်ပြန်ရင်း နောက်တစ်ခွက်ငှဲ့ရန် ပုလင်းကိုသာ လက်လှမ်းသည်။

" တော်တော့....... အစားတစ်ခုခုစားဦး။ စားရင်းသောက်။ အစာအိမ်အချဉ်ပေါက်မယ် "

" မစားချင်ဘူး "

" မစားချင်လို့ဖြစ်မလား မင်းရုပ်မင်းပြန်ကြည့်ဦး တစ်နေ့တစ်ခြား ပိန်လိန်နေပြီ။ မင်းဒီလိုနဲ့ လဲသွားရင် ဘယ်လိုလုပ်မလဲ။ ပြီးခဲ့တာတွေလဲ ပြီးပြီ ငါမင်းကို စိတ်သစ်လူသစ်နဲ့ပြန်မြင်ချင်တယ် ပျော်နေတာကိုမြင်ချင်တာ။ ငါမြင်ချင်တာ မင်းရဲ့ ဒီလိုပုံမျိုးမှမဟုတ်တာ "

MASK (  Editing  ) Where stories live. Discover now