"အာကာမိုးသောက် မင်းက ငါ့ကို ထားခဲ့တယ်? ဘယ်သူ့သဘောနဲ့လဲ ဘာကြောင့်လဲ ငါ ထားခဲ့ခံရတာကို မကြိုက်ဘူးဆိုတာ မင်းအသိဆုံး ဒါနဲ့တောင် မင်းက... မင်းက.... ဟာကွာ..... ''ဒုန်း ~
ကုတင်ခေါင်းရင်းနားရှိ စာပွဲလေးမှာ ဘုန်းဓန၏ လက်ချက်ကြောင့် ကြမ်းပြင်ပေါ်တွင် အတုန်းအရုံး လဲနေရှာတော့သည်။
" ဟမ်း..... မင်းက ထွက်ပြေးလို့လွတ်မယ် ထင်နေတာလား? ငါ့ကို ဘယ်သူမှ ထားသွားလို့မရဘူး။ ထားခဲ့ပိုင်ခွင့်လဲမရှိဘူး အာကာ။ ငါ့ရှေ့ဆက်မဲ့ ဘဝတစ်ခုလုံးရင်းပြီး မင်းနဲ့နေခွင့်ရအောင် ဆုံးဖြတ်ထားတဲ့ငါ့ကိုမှ ဒီလိုလာလုပ်တာပဲ။ ငါ့ကို လိမ်တယ်။ လိမ်တဲ့အတွက် ပြစ်ဒဏ်ကမင်းဆီရောက်လာမှာ ''
ဘုန်းဓန ၏ အခန်းတွင်းမှ ကျယ်လောင်သောအသံများကြောင့် ဒီပါ အပြေးလေးသွားလိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် မြင်ရသည်က စိတ်မချမ်းသာဖွယ်ရာ အတိ။ ကြမ်းပြင်ပေါ်တွင် လဲပြိုနေသော ဘုန်းဓန။ ဘေးနားတစ်ဝိုက်တွက်လဲ ပစ္စည်းများပြန့်ကျဲနေသည်။
ဘုန်းဓန ထိုကဲ့သို့ လဲပြိုသည့်ပုံစံအား သာ လုံးဝမမြင်ခဲ့ဖူးချေ။ခင်ဗျားသူ့ကို အဲ့လောက်တောင် ချစ်တာပဲလားဗျာ?
သူမရှိတော့ရင် ကျွန်တော်ပျော်မယ်ထင်တာ။ ဒါပေမဲ့အခုခင်ဗျားပုံကိုမြင်ပြီး လုံးဝမပျော်နိုင်ဘူးဗျာ။" အကို နည်းနည်းလေး စိတ်လျော့နော်။ ခဏလေးနားလိုက် ပြီးရင် ကျွန်တော်တို့သူ့ကို ရှာရမယ်လေ နော် ''
ဘုန်းဓန ငြိမ်သက်စွာနားထောင်လေသည်။
ဒါဟာ သူကျွန်တော့် စကားကို ပထမဆုံးနားထောင်ခြင်းဖြစ်ပေသည်။ ကျွန်တော့် လူဖြစ်အောင် ကျွန်တော် ဖြည်းဖြည်းချင်းကြိုးစားယူမယ်လေ။" ငါ ငါ အာကာမိုးသောက် ကို လုံးဝခွင့်မလွှတ်နိုင်ဘူး ''
" ဟုတ်ပါပြီ အကိုရယ် အဲ့လိုရှာဖို့ အကိုအားရှိနေမှဖြစ်မှာလေနော် ''
ငိုကြွေးနေသော ဘုန်းဓနအား ဖက်တွယ်ထားလိုက်သည်။ ခင်ဗျားကြိုက်သည်ဖြစ်စေ။ မကြိုက်သည်ဖြစ်စေ။ ခင်ဗျားကျရှုံးနေချိန်ခဏတော့ ကျွန်တော့် ရင်ခွင်ထဲ ခဏနားစေချင်တယ်။
ကျွန်တော့်ကို ပြန်လည်ဖက်တွယ်လာပြီး တအိအိငိုးကြွေးနေသော ကိုဓနဟာ အရင်ကမြင်ဖူးသော စိတ်ဓာတ် ပြင်းထန်သောသူ မဟုတ်သည့်အလားပင်။ သူလဲ တော်တော် ချစ်တတ်ခဲ့ရှာသည်။ ကျွန်တော်မဟုတ်တာက လွဲရင်ပေါ့။
YOU ARE READING
MASK ( Editing )
RomanceBehind every mask there is a face, and behind that a story !!! လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်ထားတတ်ကြစမြဲ .... လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြနိုင်တဲ့ အကြောင်းအရာတစ်ခုစီကို ကာကွယ်...