MASK - 12

6K 483 32
                                    

UNICODE VERSION

" ကို အခန်းထဲလဲမရှိဘူး ဘယ်သွားပါလိမ့်? "

ရတီ တစ်ရေးနိုးအချိန် ဘေးမှာ ဘုန်းဓနမရှိသောကြောင့် ခပ်တိုးတိုးရေရွတ်လိုက်ခြင်းဖြစ်သည်။ သူအိမ်သာများသွားသလား ဟူသော အသိနဲ့ခဏဆက်စောင့်သော်လည်းပေါ်မလာ။ အခန်းရှိ ရေချိုးခန်းနှင့်အိမ်သာတွဲလျှက်ရှိသော အခန်းငယ်သို့ ထကြည့်လိုက်သော်လည်းမတွေ့။ နာရီသည်လည်း ၁၂ကျော်ကျော်သို့ညွှန်ပြနေပြီဖြစ်သည်။

" မိုးချုပ်နေပြီ ဘယ်တွေထသွားနေပါလိမ့် "

သူ စာကြည့်ခန်းထဲမှာလား? အိပ်မပျော်လို့ အလုပ်တွေများထလုပ်နေသလား? ဒါမှမဟုတ် စာကြည့်ခန်းထဲဘဲ အလုပ်လုပ်ရင်း အိပ်ပျော်နေသလား? ခါးနာနေတော့မှာပဲ။ ရတီဟာ စိုးရိမ်စွာဖြင့် စာကြည့်ခန်းဘက်ကို ထွက်လာခဲ့သည်။

" အား..ဟ "

ဒီပါ့အခန်းရှေ့နားရောက်သော် ပုံမှန်မဟုတ်သည့်အသံတစ်ခု ထွက်ပေါ်လာတော့သည်။ ည လူချေတိတ်ချိန်မို့ အခန်းရှေ့ကထိကြားရရန်လုံလောက်သော အသံတစ်သံပင်ဖြစ်သည်။သိချင်စိတ်ကြောင့် ဆက်လှမ်းမည့် ရတီ့ ခြေလှမ်းများဟာ ထပ်မံကြားရသော အသံကြောင့် ရပ်တံ့ကုန်သည်။

" ကို့ နာမည်ခေါ်တာကြားချင်တယ်..."

ထိုအသံဟာ ရတီသိပ်ကို ရင်းနှီးသည့်အသံဖြစ်သည်။

" ကို...ကို ဓန... ပိုပြီး... "

ဟာ....ဟူသော အာမေဋိတ်အသံတစ်သံသာထွက်နိုင်ပါတော့သည်။ ရတီ့ ခေါင်းထဲမှာ ချာချာလည်သွားသလို ဘာကိုမှမသိနိုင်တော့။ ရင်ထဲက အသဲနှလုံးတွေ နင်းချေခံရသလို ခေါင်းကိုမိုးကြိုးပစ်ခံရသလို ပါပဲ။ တုန်လှုပ်မိလွန်းလို့ မတ်တပ်တောင်ဆက်မရပ်နိုင်တော့။ အနီးအနားက နံရံအကူအညီကိုသာယူလိုက်ရသည်။ ထိုအခန်းထဲက ဆက်တိုက်ထွက်ပေါ်လာသော အသံတွေဟာ ဘာကြောင့်ထွက်ပေါ်လာသလဲ ရတီနားလည်တယ်။ ကျွန်မဒီညနိုးမလာခဲ့ရင်အကောင်းသား။ ကျွန်မသူ့ကို လိုက်မရှာခဲ့မိရင်အကောင်းသား။ ဟင့်အင်း.... ကျွန်မထင်သလို မဟုတ်လောက်ပါဘူး။ ကျွန်မအထင်မလွဲသင့်ဘူး။ စီးကျလာသော မျက်ရည်များကို ခဏတာ ထိန်းချုပ်ရင်း မျက်လုံးနဲ့အတည်ပြုဖို့ တံခါးလက်ကိုင်ဘုကို လက်လှမ်းသော်လည်း ထိုဘုကလေးကိုတောင် လှည့်နိုင်ရန် လိုအပ်သောအားများပျောက်ဆုံးနေသည်။ တုန်ယင်နေသော လက်တွေကို ခဏထိန်ချုပ်ရင်း အံကြိတ်ကာ ထိုဘုလေးကိုလှည့်လိုက်ပါတော့သည်။

MASK (  Editing  ) Where stories live. Discover now