ပကာသနမပါ ဖြူစင်သော စိတ်ထား
ဟန်ဆောင်မှုကင်းသောအပြုံး
ကြည်လင်သောစိတ်ထားတွေနဲ့ 
ပျော်ရွင်ဖွယ် နွေးထွေးသော မိသားစု အသိုက်မြုံလေး
ရဲရဲတောက်သော သွေးတို့ မတူညီသော
လူနှစ်ဦးမှ ပေါက်ဖွားလာတဲ့
တသွေးတသားတည်း တူညီသော
သွေးချင်း ငါးယောက်
သွေးချင်းများမှ ပေါက်ဖွားလာသော သွေးချင်းငယ်လေးများ
သစ်ပင်ကြီးမှ အကိုင်းအခက်များလို တစုတစည်းတည်း စုံစည်းနိုင်တဲ့ ဆက်သွယ်၇ာ နေ၇ပ်ဋ္ဌာနလေးတခု
အိုဟောင်းသော ကတ္တရံအိမ်လေး
ကျဉ်းမြောင်းသော နေ၇ာသေးသေးလေးမှာ
အတူတူတန်းစီအိပ်ခဲ့ဖူးတယ်
အာလူးတွေပြုတ် ထမင်းနဲ့နယ်
တဇလုံထဲမှာ အလုအယှက်စားသောက်ဖူးတယ်
ရယ်စ၇ာ၇ှိ အတူတူ ငိုစ၇ာ၇ှိအတူတူ
အခက်ခဲတွေ ဖြတ်ကျော်ခဲ့ကြဖူးတယ်
အနားမှာလူပေါင်းများစွာရှိနေလည်း
လှပတဲ့နေရာတွေသွားရောက်ပေမယ့်လည်း
စည်းစိမ်ပစ္စည်းတွေနဲ့ ၇စ်မူးနေ၇ပေမယ့်လည်ွးအထီးကျန်စိတ်ဝင်ပြီး မပျော်၇ွင်နိုင်သလို
ကိုယ့်နားမှာ ချစ်၇တဲ့သူ တယောက်၇ှိနေ၇ုံနဲ့တင်
နေစဉ်ဘ၀တွေဟာ စိတ်ချမ်းသာမှုနည်း၇င်တောင်
အထီးကျန်စိတ်တော့ အ၇ှင်းပျောက်ပါလိမ့်မယ်
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Randomစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......