လူအများအတွက် ရိုးရှင်းတဲ့မိသားစုးးက ငါ့အတွက် မရိုးရှင်းခဲ့ဘူး
လူအများအတွက် မရိုးရှင်းတဲ့အချစ်က ငါ့အတွက် ရိုးရှင်းနေခဲ့တယ်
စိတ်ကူးအိမ်မက်တွေရဲ့ လမ်းတလျှောက် အနာဂါတ်အစီစဉ်မှာ
အချစ်ဆိုတာ ပါမလာခဲ့ဘူး
မိသားစုနဲ့  ကိုယ့်အတွက်ပဲ အိမ်မက် မက်ခဲ့တယ်
ကိုယ်ပိုင်စွမ်းအားနဲ့  အိမ်လေးတလုံး တည်ဆောက်ချင်တယ်
အဲ့ဒီအိမ်လေးမှာ ကိုယ့်ရဲ့အိမ်မက်တွေကို မက်စေမယ်
အိမ်မက်တွေကို စတင်စေပြီး ကြိုးစားနေစဉ်တလျှောက် အသိမှတ်ပြုစေမယ့် အိမ်လေးတလုံးဖြစ်စေမယ်
ကြိုးစားမှုမှန်သမျှကို အသိအမှတ်ပြုတဲ့ နေရာလေးဖြစ်စေမယ်
ပင်ပန်းနွမ်းနယ်ချိန် စိတ်ပျက်အားလျော့ချိန်တွေမှာ
နွေးထွေးစွာ စောင့်ကြိုနေမယ့် အိမ်လေးတစ်လုံးဖြစ်စေမယ်
ပျော်ရွှင်မှုတွေ မျှဝေနိုင်မယ့် အိမ်လေးတစ်လုံးဖြစ်စေမယ်
ပူပင်သောကတွေကို ပြေပြောက် ငြိမ်းအေးစေနိုင်မယ့် အိမ်လေးတစ်လုံးဖြစ်စေမယ်
ပတ်ဝန်းကျင်နဲ့ အလုပ်ခွင်မှာ ကိုယ်ဘယ်လိုရာထူးနဲ့  ဘယ်လိုလူပဲဖြစ်နေပါစေ အဲ့ဒီအိမ်လေးမှာ ပြစ်တင်ဝေဖန်မှုတွေကင်းပြီး လွတ်လပ်စွာ နေနိုင်မယ့် အိမ်လေးတစ်လုံးဖြစ်စေမယ်
အိမ်မက်တွေနောက်လိုက်ပြီး ကင်မရာတစ်လုံးကိုကိုင်
ကမ္ဘာပတ် ခရီးတွေသွားရင်း မောပန်းလာချိန်
ပြန်လာချိန် နွေးထွေးစွာ စောင့်ကြိုနေမယ့် အိမ်လေးတစ်လုံးဖြစ်စေမယ်
ကိုယ့်ရဲ့ ရိုးသားမှု၊ဘာသာတရား၊မိသားစု၊
အောင်မြင်မှု၊ကျရှုံးမှုတွေနဲ့  ကိုယ့်ရဲ့ အိမ်မက်တွေ
စုပြုံနေမယ့် အိမ်လေးတလုံးဖြစ်စေမယ်
သေချာတာတခုကတော့ အဲ့ဒီအိမ်မက်လေးကို ကိုယ်တယောက်တည်းပဲ ကြိုးစားရင်း မက်စေမယ်
နောက်ထပ်သေချာတာ တခုက အဲ့ဒီအိမ်ကလေးကို
ကိုယ့်ရဲ့ ရင်ဘတ်တနေရာမှာ စတင်တည်ဆောက်နေပြီဖြစ်တယ်
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Aléatoireစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......