အိမ်ခန်းငယ်ရဲ့ ထောင့်တနေရာ ချောင်ကျကျနေရာမှာ တယောက်တည်း မလှုပ်မယှက် ကွေးကွေးလေး သူ ထိုင်နေတယ်။တယောက်တည်းပေမယ့် သူ အထီးကျန်စိတ်ဝင်ပြီး စိတ်အားမငယ်နေဘူး။သူ့ အာရုံ သူ့အတွေး သူ့ စိတ်တွေအားလုံးက တစုံတခုပေါ်မှာ အာရုံအပြည့်အ၀ရှိနေတယ်။သူမလှုပ်မယှက်ဖြစ်နေပေမယ့် တခါ တရံ သူ့ နှုတ်ခမ်းပါးတွေ ပြုံးနေတယ်။တခါတရံ သူမျက်လုံးကနေ မျက်ရည်တွေကျနေတယ်။
တစုံတခု.... ဟုတ်တယ် တစုံတခု....
အဲ့တစုံတခုကို ဖန်တီးသူတွေကို သူ ချီးကျူးလွန်း တန်ဖိုးထားလွန်း လေးစားလွန်းတဲ့စိတ်တွေ
သူ့ ရင်ထဲမှာပြည့်နေတယ်။ တစုံတခုကို ဖန်တီးဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ။အဲ့တစုံတခုကို ပြီးပြည့်စုံအောင် လုပ်ဖို့ ဆိုတာ ပိုတောင်မလွယ်ဘူး။
စာရေးဆရာတွေ.......
သူ့ ရင်ထဲက လေးစားသူ တန်ဖိုးထားသူ ချီးကျူးလွန်း သူတွေက စာရေးဆရာတွေပဲ။ အနီးဆုံးပြောရရင် သူ့လက်တကမ်းမှာရှိတဲ့  သူ့ လက်ထဲက ဖုန်းထဲမှ wattpad author တွေ.......
လူတွေဆိုတာ ဘယ်လောက်ပဲ မှန်တယ်ပြောပြော ကိုယ်ကိုယ်တိုင်ကြုံမှ ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်ရမှ ယုံကြည်ကြသူတွေပဲ။
စာရေးဆရာတွေဆိုတာ အဲ့ယုံကြည်မှုနဲ့ ဆန့်ကျင်နေကြသူတွေပဲ။သူတို့ ဖန်တီးအသက်သွင်းလိုက်တဲ့ 
ဇာတ်ကောင်တွေ ဇာတ်လမ်းတွေဟာ အပြင်မှာ တကယ်ရှိနေသူတွေ မဟုတ်ဘူး။သူ့ တို့ စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ အတွေးတွေကို ဇာတ်လမ်းတွေ ဇာတ်ကောင်တွေ အဖြစ် စာသားနဲ့ ပုံဖော် ထုဆစ်ကြသူတွေပဲ။သူတို့ က မှော်ဆရာတွေလိုပဲ ဖန်ဆင်းနိုင်စွမ်းတွေရှိကြတယ်။ ဇာတ်လမ်းတွေကို ပိတ်ကားပေါ်ကြည့်နေရတာထက်ပိုတဲ့  feelingတွေကို စာရေးခြင်းမှာပဲတွေ့ နိုင်တယ်။မျက်မြင်တွေ့ ရတာမဟုတ်ပဲနဲ့တောင် ဇာတ်ဆောင်တယောက်ရဲ့ ပုံပန်းသဏ္ဍာန်း အမူအကျင့်တွေကို ကွက်ကွက်ကွင်းကွင်း မြင်အောင် စာရေးဆရာတွေရေးသားပုံဖော်နိုင်ကြတယ်။
ပြီးတော့  မျက်မြင်တွေ့ ရရုံနဲ့ မသိမြင်နိုင် မဆုံးဖြတ်နိုင်တဲ့  ဇာတ်ဆောင်တွေရဲ့  မူရင်းစိတ်ဓာတ်နဲ့  အကြောင်းရာတခုပေါ်မှာထားတဲ့ ဇာတ်ဆောင်တွေရဲ့ အတွေး စိတ်ဓာတ် အပြု အမူတွေကို ရေးသားခြင်း စာပေမှာပဲ
တွေ့ မြင်နိုင်တယ်။သူဒါတွေကြောင့် စာတပုဒ် ဇာတ်လမ်းတပုဒ် ဖတ်လိုက်တိုင်း စာရေးဆရာတွေကို လေးစားတန်ဖိုးထားစိတ်တွေ သူ့ ရင်ထဲ အစိုင်အခဲ ပိုပိုကြီးကြီးလာတယ်။ သူတယောက်တည်း အခန်းထောင့်မှာ မလှုပ်မယှက် ထိုင်နေရပေမယ့် ဒီဖုန်းထဲက wattpad ဇာတ်လမ်းတွေကပဲ သူ့ ကို စိတ်လှုပ်ရှားစရာကောင်းတဲ့  ဘ၀တွေကို မရိုးအောင် တခုပြီး တခု ပေးနေတယ်။
ဇာတ်လမ်းတွေကို သူ ဖတ်နေချိန် ဇာတ်လမ်းထဲက ဘ၀တွေဟာ သူ့ ဘ၀ပဲ ဖြစ်တယ်။
သူတခါတလေ ရီမောတယ်။တခါတလေ ကြည်နူးမှုအပြည့်နဲ့  ပြုံးနေတယ်။ တခါတလေ သူ ရင်ဘက်ကြီးတခုလုံး
လေးလံထိုင်းမှိုင်း စုတ်ပြတ်သတ်သွားအောင်ကို ၀မ်းနဲနာကျင်ရတယ်။ ဒါတွေကပဲ သူ့ ကို ပိုရင့်ကျက်စေတယ်လို့ သူထင်တယ်။ တကယ့်အပြင် လက်တွေ့ ဘ၀မှာလည်း ခံစားချက်တွေက အလွယ်တကူ မပြင်းထန်စေတော့ဘူး။သူ့ ခံစားချက်တွေကို ချုပ်တည်းထားနိုင်လာတယ်။ ဘာပြသနာပဲရှိရှိ သူပို ခံနိုင်ရည်ရှိလာတယ်။ပြသနာတခုကို ခေါင်းအေးအေးထားပြီး ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ သူတွေးတတ်လာတယ်လို့  သူထင်မိတယ်။သူဘယ်မှမသွားပေမယ့် ဒီဇာတ်လမ်းထဲက ဘ၀တွေကပဲ သူ့ ကို ကမ္ဘာအနှံ့ ရော ကမ္ဘာအပြင်ဘက်ကော ရောက်သွားစေတယ်။ဒါကပဲ သူ့ ကို အတွေ့ အကြုံသစ်တွေကို ရရှိစေတယ်။
သူလေးစားတယ် တန်းဖိုးလည်း အရမ်းထားတယ် အားလဲအားကျတယ် ကျေးဇူးလည်းတင်တဲ့စိတ်တွေသာ ဇာတ်လမ်းတခုဖတ်တိုင်း ပိုပိုတိုးလာနေတယ်။
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Acakစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......
