#myself#

69 6 4
                                    

များပြားလွန်းတဲ့ ခံစားချက်တွေကို အေးစက်တဲ့အမူအရာနဲ့  ဖုံးကွယ်ရင်း တယောက်ထဲ နေတဲ့ ငါ့ဘ၀ထဲကို
တံခါး မခေါက် အသိမပေးပဲ ရှုတ်ထွေးမှုများစွာနဲ့  ၀င်လာကြတဲ့သူတွေ အေးစက်နေတဲ့ငါ့ဘ၀ကို ရှုတ်ထွေးမှုများစွာပေးတဲ့သူတွေ
ရှုတ်ထွေးမှုတွေကို ငါ စတင်လက်ခံလာနိုင်မှ
နှုတ်မဆက် အသိမပေးပဲ ရုတ်တရက်ဘ၀ထဲက
ထွက်သွားကြတဲ့ လူတွေ
ရုတ်တရက်ဆိုတာကို လက်ခံနိုင်ဖို့အင်အား ငါ့မှာမရှိခဲ့ဘူး
ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ မနေတတ်တဲ့ငါ
ငါ့ခံစားချက်က သူများတွေလို လျှင်မြန်မနေခဲ့ဘူး
ခံစားချက်တွေကို စကားအဖြစ်ထုတ်မပြောပေမယ့်
စိတ်ထဲမှာ ကမ္ဘာပြက်သလို စစ်တိုက်နေရတဲ့
အတွေးပေါင်းများစွာနဲ့ ငါဖြစ်နေခဲ့တယ်
ခွဲခွာခြင်းကို ကျွနုပ်မကြိုက်၍ တွေ့ ဆုံခြင်းကိုလည်း ကျွနုပ် မနှစ်သက်တော့ပါ ဆိုသလို
စတင်တွေ့ ဆုံခြင်းကို တဖြေးဖြေး မုန်းလာပါပြီ
လဲကျနေချိန် လမ်းကမ်းပေးပြီး
လက်တွဲခေါ်ယူသူကိုလည်း မလိုချင်တော့ဘူး
အကူညီတခါရဖူးပြီး နောက်တခါ တပါးသူ ကူညီမှာကို မျော်လင့်နေမိမှာလည်း ကြောက်မိတယ်
ငါဟာ လူပေါင်းများစွာထဲကတယောက်ဖြစ်ပေမယ့်
လူပေါင်းများစွာနဲ့ ကင်းကွာနေသူ တယောက်ဆို ပိုမှန်မယ်
လူပေါင်းများစွာက တူညီနိုင်တဲ့အချက်၇ှိပေမယ့်
ကိုယ်က လူပေါင်းများစွာနဲ့  လုံးဝမတူသလိုလို
သေချာတာက မတူညီတာကလည်း ကိုယ်ကိုအကောင်းဘက်ကထင်လို့တော့မဟုတ်
ကိုယ်ဟာ လူပေါင်းများစွာနဲ့ နိုင်းယှဉ်လို့ မရသလိုလို
ကိုယ်ဟာ လူပေါင်းများစွာထက် ညံ့ဖျင်းနေတာမဟုတ်သလို
တော်ထက်နေတာလဲမဟုတ်ဘူး
သူတို့နဲ့ နှိုင်းယှဉ်ဖို့ အစနတောင် ရှာမတွေ့ ခဲ့ဘူး
ကိုယ်သတိထားမိချိန် ကိုယ်ကလူ့ဘောင်အသိုင်းဝိုင်း
အပြင်ကို ထွက်နေခဲ့ပြီ
သူတပါးအကြောင်းကို မသိချင်သလို ကိုယ့်အကြောင်းကိုလည်း အခြားသူကို ပြောမပြချင်တော့ဘူး
ကိုယ့်ဘ၀ကို ကိုယ်တယောက်တည်းပဲ ဖြတ်သန်းချင်တော့တယ်
ကိုယ် ဟန်ဆောင်ပန်ဆောင် ပြောရမှာကိုလည်း မုန်းလာမိတယ်
လူ့ ကျင့်ဝတ်အရ  အလိုက်ထိုက် ပြောရမှာကိုလည်း မုန်းလာမိတယ်
စိတ်ထဲကမပါပဲ ကြင်နာပြရမှာကိုလည်း မုန်းလာမိတယ်
သူတပါးဆီကရတဲ့  ကြင်နာမှုတွေရဲ
့နောက်ဆက်တွဲကိုလည်း မုန်းတယ်
သူပေးတာယူလို့ သူခိုင်းတာလုပ်ရမယ်ဆိုတဲ့
အလိုက်သိတတ်မှုကိုလည်း မလုပ်ချင်တော့ဘူး
ပင်ကိုစိတ်ကိုအတင်းဖိနှိပ်ပြီး လူကောင်းဖြစ်အောင် ကြိုးစားရမှာကိုလည်း မုန်းလာမိတယ်
သေချာပါတယ် ငါဟာ ငါပဲလေ.
ဘယ်သူနဲ့ မှ အတွေးတူမှာမဟုတ်သလို
ခံယူချက်ခြင်းလဲ တူမှာမဟုတ်ဘူး
ငါ့ကိုဘယ်သူမှ နားလည်နိုင်မှာ မဟုတ်သလို
ငါလည်းအခြားသူကို နားလည်အောင်ကြိုးစားမှာမဟုတ်ဘူး
ငါ့ကိုနားလည်သူကိုလည်း မျော်လင့်နေမှာ မဟုတ်သလို
နားလည်တယ် ပြောလာသူကိုလည်း
အထင်ကြီး ယုံကြည်မှာမဟုတ်ဘူး
ငါဟာ ငါပဲမို့လို့ ......

ခရမ်း​ရောင်​ ခံစားချက်​များWhere stories live. Discover now