ကျွန်တော်သတိမထားမိခင်မှာပဲ အဲ့နေရာကိုရောက်နေခဲ့ပြီးပြီိ
ကျွန်တော် သတိထားမိချိန်မှာတော့ ကျွန်တော် ဘယ်တုန်းကမှ မလှုပ်ရှားခဲ့သလို ဒီနေရာမှာ ရပ်နေတုန်းပဲ....
ရပ်နေတယ်.....
ရပ်နေတယ်........
အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးသွားတယ်
ကျွန်တော့်မြင်ကွင်းထဲမှာတော့ နေမင်းကြီးက လောကကြီးကို နှုတ်ဆက်ထွက်ခွာနေတယ်
ဒါပေမယ့် .....
ကျွန်တော်မမြင်နိုင်တဲ့အခြားတစ်ဖက်မှာရော နေမင်းကြီးက တောက်ပနွေးထွေးတဲ့ အလင်းရောင်တွေနဲ့ အရာအားလုံးကို နွေးထွေးစွာ ကြိုဆိုနေမလား?......
ကျွန်တော် စူးရှတောက်ပလွန်းတဲ့ အလင်းရောင်တွေကို ဖမ်းဆုပ်နိုင်ဖို့. နေမင်းကြီးနောက်ကို ပြေးလိုက်နေခဲ့တာ ဘယ်ချိန်ကတည်းကလဲ?
အချိန်အများကြီး အများကြီးကြာမှ ကျွန်တော် ပြေးနေတာကို ခနရပ်ပြီး ကျွန်တော့်လက်ကိုဖြန့်ကြည့်လိုက်တယ်
ဗလာ...
ဟုတ်တယ်..ဗလာ...
ကျွန်တော် တချိန်လုံး ဖမ်းဆုပ်နိုင်ဖို့ ကြိုးစားခဲ့ရတဲ့ နေမင်းအလင်းတွေကို ကျွန်တော်တခုတလေမှကို ဖမ်းဆုပ်မမိခဲ့ဘူး..
တဖြေးဖြေး နဲ့ နေမင်းကြီးလဲ ကျွန်တော့်မြင်ကွင်းကနေ ပြောက်ကွယ်သွားခဲ့တယ်..
လောကတခုလုံး မှောင်မိုက်နေပြီး ကျွန်တော့ကိုယ် ကျွန်တော် ပြန်မမြင်ရတော့ဘူး...
ှုကျွန်တော် လမ်းပြောက်နေပြီး ကျွန်တော့်ကိုယ်ကျွန်တော်ရော အရာအားလုံးကိုရော မသိတော့တဲ့အချိန်မှာ
ရုတ်တရက် မသုံးတာကြာပြီဖြစ်တဲ့ မေ့လုမေ့ခင်ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ အခြားလက်တစ်ဖက်ဆီကနေ ပူနွေးတဲ့ ခံစားချက်တခုရလိုက်မိတယ်
ရုတ်တရက်မို့ ကျွန်တော်ဘာကိုမှ မတွေးတောနိုင်ခဲ့ဘူး
ပူနွေးတဲ့ခံစားချက် ဖြစ်ပေါ်စေတဲ့ ကျွန်တော့်ရဲ့လက်ကို မြောက်လိုက်ပြီး ကျိုးပျက်သွားမှာစိုးတဲ့ အဖိုးတန်ကြွေရုပ်လေးကို တရုတယဖြစ်နေသလို ကျွန်တော့်လက်ဖဝါးကို ဖြေးဖြေးချင်းလေး ဖြန့်လိုက်တယ်...
အစိမ်းရောင်....
မဟုတ်ဘူး.. သေးငယ်လွန်းတဲ့ အစိမ်းရောင်....
မဟုတ်သေးဘူး....စူးရှတောက်ပတဲ့ အစိမ်းရောင်အလင်းသေးသေးလေး....
နေစမ်းပါဦး ...ဒါက လှုပ်ရှားနေပါလား....
ရုတ်တရက် ဘာဆိုတာကို ကျွန်တော်သိလိုက်ရချိန် ပျော်လွန်းလို့ ကျွန်တော် ဘာလုပ်ရမှန်းကို မသိတော့ဘူး...
ကျွန်တော့်ပါးပေါ်ကနေ အေးစက်စက် ရေစီးကြောင်းနှစ်ခု စီးကျနေတာကို ကျွန်တော် ခံစားရတယ်...
ဟုတ်တယ် ကျွန်တော် ပျော်လွန်းလို့ ငိုနေတာ
ကျွန်တော် အချိန်တွေအကြာကြီး တောင်းတနေခဲ့တဲ့ အလင်းရောင်ကို ကျွန်တော် ရခဲ့ပြီ
ခု ကျွန်တော် ဖမ်းဆုပ်နိုင်ခဲ့ပြီ
ကျွန်နော် တကယ်လိုချင်တာ ဘာကိုလည်း ဆိုတာလဲ သိခဲ့ပြီ
ကျွန်တော့်လက်ထဲက ပိုးစုန်းကြူးလေး ထပြန်သွားပေမယ့် ကျွန်တော် လမ်းပြောက်မနေတော့ဘူး
ကျွန်တော် အလင်းရောင်ကို ထာဝရ မဖမ်းစုပ်နိုင်ခဲ့ပေမယ့်
အလင်းရောင်ကိုအချိန်မရွေး ထုတ်ပြနိုင်သွားပြီ
ဘာလို့လဲဆို ကျွန်တော့်မှာ ကိုယ်ပိုင်အလင်းရောင် ရှိနေပြီမို့လေ
ကျွန်တော့်ရဲ့ အလင်းရောင် နာမည်
""အသိပညာအလင်းရောင်""တဲ့
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Randomစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......