#crazy me#

40 4 2
                                    

ဘောင်းဘီ....အပွဆုံး အကြီးဆုံးဘောင်းဘီလို့
ဆို၇လောက်အောင် ပိန်ပါးလှတဲ့ကျွန်တော့ကိုယ်ပေါ်မှာ ဘောင်းဘီပွပွကြီးတထည်နေရာယူထားတယ်။
ယောင်္ကျားလေးဝတ် ခေါင်းစွပ်အင်္ကျီအထူ တစ်ထည်ကို
တင်ပါးဖုံးအောင်ထိ ကျွန်တော် ၀တ်ထားတယ်။
ဘယ်နှရက်မှန်းမသိ မရှင်းလင်းရသေးသော ကျွန့်တော့ဆံပင်တွေကို လက်တွေကိုမြှောက် ဆံပင်တွေကြားထိုးထည့်ပြီး  ရှင်းလိုက်တယ်။
ကျွန်တော့အတွက် မပါမဖြစ် ဖန်စီ လက်ပတ်ကိုတောင်
လက်ဖမိုးထိကျအောင် ခပ်လျော့လျော့ ၀တ်ထားတယ်။

ကျွန်တော့်စိတ်တွေ လွတ်လပ်နေတယ်။
‎ကျွန်တော့  ကိုယ်ခန္ဓာ ပေါ့ပါးနေတယ်။
ငယ်ရွယ်ခြင်း၊ နုပျိုခြင်း နဲ့ လွတ်လပ်ခြင်းရဲ့ အ၇သာတွေကို           အပြည့်အ၀ခံစားနေ၇တယ်။
ဘယ်ညာ ယိမ်းထိုး ခြေတလှမ်း လှမ်းလိုက်တိုင်း...  ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုတွေနဲ့ သိလိုက်၇တဲ့အသိတိုင်းက
ရင်ထဲအေးစိမ့်နေအောင်ပါပဲ။ အဖြစ်ပျက်တိုင်းကို မလွင့်စင် မကျပြောက်အောင် တခုချင်းစီတိုင်း သိမ်းကျုံးယူမိနေတယ်။

နေ့စဉ် သွားနေကျ များပြာလှတဲ့ ခဲများနဲ့
အိုဟောင်းတဲ့လမ်းမပေါ်ကို ကျွန်တော်လျှောက်လှမ်းလာတယ်။
ကြိုကြိုကျားကျားပေါ်က်တတ်တဲ့ နှင်းရည်များပြည့်ဝနေပြီဖြစ်တဲ့ မြက်ပင်စိမ်း တစ်ပင်စ နှစ်ပင်စ ကိုလည်း လျှောက်လမ်းတလျှောက်မှာ တွေ့ရတယ်။ နေ့စဉ်မြင်နေကျ ပန်းတောက်ပင်အိုကြီးမှာလည်း မပွင်တော့သော ပန်းတောက်သီးခြောက်များနဲ့  မိန်းမပျိုေ၇ဖျန်းထားသလို စိမ်းစို တောက်လွင်နေတဲ့ ပန်းတောက် ရွက်များနဲ့ ကာရံနဘေ ညီလှတယ်။ ပြူစစ ထွက်ပေါ်လာသော နေမင်းကြီးဟာလည်း
သူရဲ့ စွမ်းအားဖြစ်တဲ့ နွေးထွေးသော အလင်းရောင်တွေနဲ့ ကမ္ဘာမြေပေါ် စတင်ဖြန့်ကျက်လာပြီဖြစ်တယ်။ ထိုအလင်းရောင်အနည်ငယ်မျှ ကလည်း ပတ်ဝန်းကျင်တခုလုံးကို လင်းလက်သွားစေပြီး စိုစွတ်တဲ့နှင်း၇ည်တွေ ခိုဝင်အောင်းနေတဲ့ ဆောင်းမြူများကို ပြန့်လွင့်သွားစေတယ်။
ကျွန်တော် ခြေတလှမ်း လှမ်းလိုက်တိုင်း ..လှမ်းလိုက်တိုင်းမှာလည်း
ကျွန့်တော့်ကိုယ်ပေါ်က ခပ်ပွပွ အ၀တ်တွေ လှုပ်ခါသွားတယ်။
အေးမြထက်မြက်လှတဲ့ ဆောင်းလေတွေက မရှင်းလင်းရသေးတဲ့ ကျွန်တော့ ဆံပင်တွေကို ကခုန်နေစေတယ်။ ကျွန်တော့လက်တွေကို ဘောင်းဘီအိတ်ထောင်မှာ ထိုးထည့်ရင်း၊ ပါးစပ်ကလည်း သံဇဉ်ကောင်းလေးတပုဒ်ကို ရေရွတ်၇င်း၊
ကျွန်တော့ခံစားချက်တွေက ဆောင်းလေအအေးဓဏ်ကို လိုက်ရှာနေမိတယ်။
ကျွန်တော် ခြေတလှမ်း လှမ်းတိုင်း မြေကြီးပေါ် ဖိနင်းမိတဲ့ ကျွန်တော့ဖိနပ်အောက်ခြေမှာ မြေမှုန်များကပ်ကျန်ရစ်တယ်။ တခါတခါ ထိုမြေမှုန်ကြားက ကျောက်ခဲစလေးများက
ပါးလျှလွန်းတဲ့ ကျွန်တော့ဖိနပ်ကိုဖောက်ပြီး ခြေဖ၀ါးထိ ထွင်းဖောက်ရောက်လာတတ်ကြသေးတယ်။ ‎
အေးလွန်းလှတဲ့ဆောင်းကလည်း ကြက်သီးများထသည်အထိ ကျွန်တော့ကို ချမ်းတုန်သွားစေတယ်။ဒါပေမယ့် ကျွန်တော် အဲ့ဒီအအေးဒဏ်ကိုပဲ ကြေနပ်ကြည်နူးစွာ လက်ခံနေမိတယ်။
ကျွန်တော့ခြေလှမ်းတွေ သွက်နေတယ်။ အ၇ာ၇ာဟာ ဟေမန်ဆောင်းလိုပဲ အေးစက်လွန်းလှတယ်။
ကျွန်တော့ ခြေလှမ်းတွေမှာ ကျွန်တော် ငယ်ရွယ်ခြင်းရဲ့ ခွန်အားတွေကို ခံစားနေ၇တယ်။ နုပျိုခြင်းရဲ့ အလှပတွေကို ခံစားနေရတယ်။တက်ကြွမှု သွက်လက်မှု ကြည်နူးမှု ကျေနပ်ဝမ်းမြောက်မှုတွေကိုလည်း ခံစားနေရတယ်။
တင်းကြပ် ချုပ်နှောင်ထားတဲ့ အ၀တ်စားအပြင်အဆင် မ၇ှိ
ပကထိ ပေါ့ပါးလွတ်လပ်လွန်းစွာ ထိုလမ်းမဟောင်းကြီးမှာ ကျွန်တော် တလှမ်းပြီးတလှမ်း လျှောက်လှမ်းလာနေတယ်။

ဘေးကလူကြည့်ရင် ခပ်ပွပွအင်္ကျီများနဲ့ ၇ှုပ်ပွနေသော ကျွန်တော့ဆံပင်များကိုကြည့်၇င်း ဒီကောင်မလေး ရူးနေပြီလားလေလို့ အတွေးဝင်မိကောင်း ၀င်နိုင်ပါရဲ့။

ခရမ်း​ရောင်​ ခံစားချက်​များWhere stories live. Discover now