#MDZS#

23 1 0
                                    

နောက်​ဆုံး​တော့ ဇာတ်​သိမ်းသွားခဲ့ပြီ......
ဝတ္ထုဖတ်​ထားသူမို့ ဇာတ်​သိမ်းကို အားမရဘူး.....

ပျော်​ပါတယ်​..​ကျေနပ်​ပါတယ်​...

လူတစ်​​​ယောက်​ရဲ့ ဘဝကို အစက​နေ
ကြီးပြင်းလာသည်​အထိ
ဘယ်​လို​တွေ ရင့်​ကျင့်​လာခဲ့ရတယ်​ဆိုတာကို
အ​ဝေးက​နေဘတိတ်​တဆိတ်​​စောင့်​ကြည့်​​နေရတဲ့ ခံစားချက်​မျိုး........

ဇာတ်​​ကောင်​တိုင်း ဇာတ်​​ကောင်းတိုင်းမှာ
ဘဝ​တွေကိုယ်​စီ ရှိ​နေကြပြီး
ဇာတ်​​ကောင်​တိုင်းကို တန်​ဖိုးထားမိတဲ့
ခံစားချက်​မျိုး.........

ဘယ်​​လောက်​ပဲ ​ကောင်းမွန်​ ပြည့်​စုံတဲ့သူ ဖြစ်​ပါ​စေ
ဘယ်​​လောက်​ပဲ ဆိုးသွမ်းယုတ်​မာတဲ့သူ ဖြစ်​ပါ​စေ
သူတို့မှာလဲ သူတို့ရဲ့ကိုယ်​ပိုင်​ဘဝ၊ ကိုယ်​ပိုင်​အမြင်၊
ကိုယ်​ပိုင်​အ​ခြေ​နေ နဲ့  ကိုယ်​ဆီဆုံးဖြတ်​ချက်​​တွေ ရှိ​နေကြတာမို့ ဇာတ်​​ကောင်တိုင်း​​​ကို ​လေးနက်​ပြီး တန်​ဖိုးထားမိတဲ့ ခံစားချက်​မျိုး......

ဘယ်​သူ​တွေ ဘယ်​​လောက်​ပဲ ​ပြောဆိုစွတ်​ဆွဲသမုတ်​ကြပါ​စေ ရင်​ထဲက ဖြူစင်​သန့်​ရှင်းတဲ့ ရိုးသား​တဲ့ စိတ်​ဓာတ်​​လေး ရှိ​နေရင်​ ကိုယ့်​ကို အသိမှတ်​ပြု​ပေးတဲ့သူတစ်​​ယောက်​​တော့ အမြဲရှိ​နေမှာပါ ဆိုတဲ့ ​မျော်​လင့်​ချက်​​တွေပြည့်​နှက်​​နေတဲ့
ခံစားချက်​မျိုး.....

ရီလင်း​ခေါင်း​ဆောင်​အကြီးမှူး ​ဝေ့ဝူရှန်း....

ဝေ့ရင်းက ဘယ်​လိုပဲ နာကျင်​မှု​တွေ ခါးစီးခံရပါ​စေ
သည်းခံမြိုသိပ်​ရင်း အပြုံးမပျက်​ဘဲ ရင်​ဆိုင်​နိုင်​တဲ့
သိပ်​ကိုသတ္တိရှိပြီး ​လေးစားစရာ​ကောင်းတဲ့ လူစားမျိုး...
သူ ချစ်​တဲ့သူ​တွေအတွက်​ သူ့ဘဝကို​တောင်
စွန့်​လွတ်​အနစ်​နာခံပြီး ဘာတခုမှ မ​မျော်​လင့်​တဲ့
သိပ်​ကို သစ္စာရှိတဲ့ လူစားမျိုး.......
သူဘယ်​​လောက်​ပဲ ဆိုးသွမ်း​နေပါ​စေ
တစက်​​လေးမှ မမုန်းရက်​တဲ့ ​ဆရာတူအမ ကျန်းရန်​လီရဲ့ ​မေတ္တာကို အပြည့်​ဝ ရထားတဲ့ ကံ​​ကောင်းလွန်းတဲ့ လူစားမျိုး....
တစ်​မိသားစုလုံး ​ဝေ့ရင်းပ​ရောဂ​ကြောင့်​ ပျက်​စီးခဲ့ရ​ပေမယ့်​ တစက်​​လေးမှ မမုန်းရက်​နိုင်​တဲ့ အချစ်​ကြီးလွန်းလို့ အမျက်​ကြီးရတဲ့ ညီ​နောင်​ကျန်​ချန်းကို ပိုင်​ဆိုင်​ထားတဲ့ လူစားမျိုး......
သေဆုံးသွားခဲ့တာ​တောင်​မှ တစ်​ရက်​​လေးမှ မ​မေ့နိုင်​ဘဲ ဝိဥာဏ်​ရှာ​တေးသွားကို ၁၃နှစ်​တိတိ တီးခတ်​ပြီး ​လူ့​လောကအ​ရေး​ဝေး​ဝေး​ရှောင်​တဲ့ ​ရေခဲကိုယ်​​တော်
ဟန်​ကွမ်​ကျွင်းကို​တောင် "ပွဲစည်​ရင်​ ဟန်​ကွမ်​ကျွင်း ရှိတယ်​"လို့ သမုတ်​ခံရ​လောက်​ထိ ​လောကအနှံ့  သွားပြီး
ချစ်ရေ​သာသူကို ရှာ​ဖွေ​ဖို့ ​စေစားနိုင်​စွမ်းရှိတဲ့ လူစားမျိုး......
ဝေ့ရင်း အများကြီးကို ရင်းခဲ့ရ​ပေမယ့်​ သူရရှိခဲ့တဲ့အရာ​တွေကလဲ ဘာနဲ့မှ နှိုင်းယှဉ်​လို့မရ​အောင်​ တန်​ဖိုးကြီးမားလွန်းပါတယ်​.....
ဝေ့ရင်းရဲ့ အပြုံး​တွေက နာကျင်​မှု​​​တွေ၊အခက်​ခဲ​​တွေ၊
ပျော်​ရွှင်​မှု ဝမ်းနဲမှု​တွေ နဲ့ ရင်းပြီး.... အခု​တော့
သူ့အပြုံး​တွေက ဟန်​ကွမ်​ကျွင်းနဲ့အတူ ​​​လောကအနှံ့ 
လှည့်​လည်​ရင်း အ​တောက်​ပဆုံး ပြုံးနိုင်​​နေပါပြီ.......

ခရမ်း​ရောင်​ ခံစားချက်​များWhere stories live. Discover now