မုန်းမိတယ်.......
မုန်းတယ် ရင်ထဲအသဲထဲထိအောင်မုန်းတယ်ဆိုတဲ့စကားကို
သူနဲ့ မှ စသိခဲ့တာ။ခံစားလွယ်တဲ့ကျွန်မ အရာရာကို စိတ်ထဲအကြာကြီးမထားတတ်ခဲ့ဘူး။
ဒါပေမယ့် သူ့ ကိုမုန်းတဲ့အမုန်းကတော့ ဘယ်တော့မှ စိတ်ထဲကပြောက်မှာမဟုတ်ဘူး။
သူပြောတဲ့စကားတခွန်း သူကြည့်တဲ့အကြည့်တစ်ချက်
သူ့အပြုမူတိုင်းကို မုန်းမိနေတာ။
ဂရုစိုက်မှု။ ဂရုစိုက်မှုလား သူ့ ဆီက ဂရုစိုက်မှုကစ မုန်းမိနေတာ။
အလိုလိုက်မှု ဂရုစိုက်မှု ကျင်နာပြမှု အဲ့လိုတွေ သူ့ ဆီမှာတွေ့ ရရင်ကို ကိုယ့်ကိုယ်ကိုတောင်မုန်းမိတယ်။သူ့ ကိုသာဆို မုန်းမိတာ စာတောင်မဖွဲ့ ပြနိုင်လောက်အောင်ပဲ။
သူ့ လက်ဖျားလေးနဲ့ ဆိုရင်တောင် ထိမိတဲ့ နေရာတိုင်း
ထိလိုက်တာနဲ့ တပြိုင်နက် ဟိုး...ရင်တွင်းတနေရာကနေ ဒေါသတွေတထောင်းထောင်းထပြီး
အသည်းနှစ်အောင်မုန်းမိတဲ့ အထိပဲ။
ဒါပေမယ့် ကျွန်မ ဟန်မပြတ် စိတ်ကိုလျော့ခဲ့တယ်။
ရင်ထဲမှာ ဒေါသနဲ့  အမုန်းတွေ မီးဟုန်းဟုန်းတောက်နေပေမယ်လို့ ပေါ့။အဲ့လိုအချိန်မှာ သူ့ ကိုတခုခုလုပ်လိုက်ဖို့ သတ္တိကြောင်နေခဲ့တာလား သတ္တိကိုမရှိတာလား ဆင်ခြင်တုံတရားကြောင့်လား ပင်ကိုကိုယ်ကျင့်တရားကြောင့်လား မသိတော့ပါဘူး။
ဒါပေမယ့် ကျွန်မ အတတ်နိုင်ဆုံးအဆင်ပြေအောင်နေခဲ့တယ်လေ။
ခက်တာက ကျွန်မကမှ ဟန်ဆောင်မကောင်းတာ။
သူ့ ဘက်ကမြင်ရင်တော့ မပြောချင်ပြောချင်
အေးစက်စက်အမူယာတွေနဲ့  သူ့ အပေါ်၇ိုင်းစိုင်းစွာ ဆက်ဆံတဲ့ သူတယောက်လို့ မြင်မှာပေါ့။
အရယ်အပြုံးနည်းတဲ့ကျွန်မ ဒီအမုန်းတွေရဲ့ ဟန်ပန်တွေများလား။
တခါတလေ လူအများပြောတတ်တဲ့ ကျွန်မဟာ မျက်နှာထား
တင်းမာပြီး ဆက်ဆံရေး မကောင်းသူတယောက် ဖြစ်မှန်းမသိ ဖြစ်နေတာလားလေ။ မည်သို့ ဆိုစေ သူ့ ကို နောက်ထပ် ထပ်မမုန်းတော့ဘူးဆိုရင်တောင် အ၇င်ကမုန်းတာကို ဘယ်လိုမှ မေ့လို့ ၇မယ်မထင်ဘူး။
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Casualeစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......