ဘယ်အချိန်က စခဲ့တာလဲ?
ဘယ်အချိန်မှာ အဆုံးသတ်မှာလဲ?
်အတူတူရီမောခဲ့ကြတယ်
အတူတူလဲငိုခဲ့ကြဖူးတာပဲ
ရှင်သန်ရတာကိုက ခက်ခဲပင်ပန်းတာမို့
ပြသနာတွေလည်း အတူတူ ဖြေရှင်းခဲ့ကြတယ်အရင်က သူငယ်ချင်းတွေကို အိမ်ကို အလည်မခေါ်ဖြစ်ဘူး
နဂိုနည်းက မိသားစုဝင်များတာမို့ အရမ်းလူရှုတ်နေမှာစိုးလို့
အခုကော
အခုတော့ တိတ်ဆိတ်တဲ့ အိမ်ကလေးမှာ အဖေနဲ့အမေ မိဘနှစ်ပါးပဲ သားသမီးတွေရဲ့ မှီခိုအားထားရာ အမာခံ ကျောက်တိုင်ကြီးတွေအဖြစ် ရှိနေကြတယ်
တိတ်ဆိတ်တဲ့အိမ်ကလေးမှာအရင်လို ရီမောသံတွေ မဆူညံတော့ဘူး
အရင်လို ရန်ဖြစ်လို့ ဆူပူသံတွေ မကြားရတော့ဘူး
အရင်လို မျက်စိရှုတ်လောက်အောင်ထိ ဆော့ကစားတာတွေ မမြင်ရတော့ဘူး
အရင်လို နေရာကျဉ်းကျဉ်းလေးမှာ လူတွေစုပြုံမအိပ်ရတော့ဘူး
အရင်လို လပြည့်ညတွေမှာ စုပေါင်း ဆော့ကစားတာတွေမရှိတော့ဘူး
အရင်လို တဇလုံတည်းမှာ အာလူး ထမင်းကို ဝိုင်းဖွဲ့ လုယှက် စားသောက်တာတွေ မရှိတော့ဘူး
အရင်လို ဆောင်တွင်းညတွေမှာ မီးလှုံရင်း ထန်းပဲမြစ် တွေ ဆီနဲ့ တို့စားတာတွေ မရှိတော့ဘူး
အရင်လို ကလေးပေါက်စကစ ထမင်းဝိုင်းကြီး အတူတူ လက်ရေတပြင် မြိန်ရေယှက်ရေ စားသောက်ကြ တာတွေ မရှိတော့ဘူး
အရင်လို အချိန်အကြာကြီး ညည့်နက်သည်အထိ အတူတူဝိုင်းဖွဲ့ ရီမောစကားပြောတာတွေ မရှိတော့ဘူး
သားသမီးမြေးမြစ်တွေ ကိုယ်စီ ကိုယ်စီ တာဝန်တွေနဲ့မို့ နွေးထွေးတဲ့ အိမ်ကလေးကို စွန့်ခွာပြီး ကျယ်ပြောလှတဲ့လောကကြီးထဲ ကိုယ်စီပျံသန်း ထွက်ခွာကြတာမို့ သိပ်ကို တိတ်ဆိတ်လွန်းတဲ့ အိမ်ကလေးမှာတော့ အမေနဲ့အမေ မိဘနှစ်ပါးပဲ ရှိနေတော့တယ်
သားသမီးတွေအတွက် ဆံပင်တွေ ဖြူနေတာတောင် တစက်လေးမှ အနားမယူနိုင်ဘဲ မှီခိုအားထားရာ ကျောက်ဆောင်ကြီးအဖြစ် မားမားမတ်မတ် ရပ်တည်နေတဲ့ အဖေ
အိမ်ထောင်ကျလို့ တမျိုး အိမ်ထောင်မကျသေးလို့ တဖုံ
"အမေ ပညာမတတ်လို့ ငါ့သားသမီးတွေကို အမေ ပညာတတ်စေချင်လွန်းတာ" လို့ အမြဲ ပြောတတ်တဲ့
နောက်ကွယ်ကနေ အမြဲ စိုးရိမ်ပူပန်နေတတ်တဲ့အမေမွေးချင်း ၅ယောက်မှာ အငယ်ဆုံးသမီးကတောင် အသက် 20ကျော် နေပေမယ့် သားသမီးတစ်ယောက်ကမှ အမှီခို မလွတ်တဲ့အပြင် ကိုယ့်ကျန်းမာရေးအတွက် တစ်စက်လေးမှ ပူပန်ချိန်မရှိအောင် သားသမီးတွေကို
စိတ်မချဘဲ အမြဲပူပန်နေတတ်တဲ့ ရှေ့ကကျောက်ဆောင်ကြီးလို ကာကွယ်ပေးနိုင်တဲ့ မာကျောတဲ့အဖေ နဲ့ နောက်ကွယ်ကနေ အမြဲ ပံ့ပိုးကူညီ စိုးရိမ်ပူပန်ပေးတဲ့ နုညံ့တဲ့အမေသတိထားမိကြလား?
သူတို့အရမ်းကို ပင်ပန်းနေပြီးတော့
သူတို့ အသက်တွေ ကြီးနေကြပြီဆိုတာ
သတိထားမိကြလား?
သူတို့မှာလည်း ဘ၀ ရှိတယ်ဆိုတာ
သတိထားမိကြလား?
သူတို့က အဖေနဲ့ အမေ အဖြစ် ပဲ ဖြစ်နေတာ မဟုတ်ဘူးဆိုတာ
သူတို့မှာ ဘ၀ ရှိတယ်
သူတို့တချိန်က ကလေးလေး ဖြစ်ခဲ့ဖူးတယ်
သူတို့မှာ အဖေ အမေ လို့ ခေါ်ရမယ့် မိဘတွေလဲ ရှိတယ်
သူတို့မှာ ကိုကို မမ ခေါ်ရမယ့် မွေးချင်းတွေလည်း ရှိခဲ့ကြတယ်
သူတို့တချိန်က နုပျိုခဲ့ကြသလို
သူတို့တချိန်က ငယ်ရွယ်ခဲ့ကြတယ်
အခုရော
သတိထားမိကြလား
အဖေ့ အသားရေတွေ ဘယ်လို ဖြစ်နေပြီဆိုတာ
အမေ့ရဲ့ မျက်နှာမှာ ဘာတွေ ပေါ်နေပြီလဲဆိုတာ
အရင်ကရော
သူတို့ရဲ့ ငယ်စဉ်ဘ၀တွေကို အလေးထား မေးဖူးသလား?
သူတို့ရဲ့ မျက်လုံးက ဘာအရောင်လဲ ဆိုတာရော ဂရုတစိုက် ကြည့်ခဲ့ကြဖူးလား?
သူတို့ ဘာတွေကိုကြိုက်ပြီး ဘာတွေမကြိုက်ဘူးဆိုတာ အဖြေရှာဖူးသလား?
ဘယ်အချိန်မှလဲ
ဘယ်အချိန်မှ သူတို့တည်ရှိမှုက ဘယ်လောက်တောင် လေးနက်ပြီး တန်ဖိုးကြီးမားလွန်းတယ် ဆိုတာကို သတိထားမိမှာလဲ?
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Rastgeleစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......