အပြစ်ရှိတဲ့စိတ်!!!
ဒီလိုခံစားချက်မျိုး ခံစားဖူးလား?
ကိုယ်က အခြားသူအပေါ်အပြစ်လုပ်မိတယ်။
သူက ကိုယ့်အပေါ်အရမ်းကိုကောင်းတဲ့သူ ဖြစ်နေပေမယ့်လည်းပေါ့။.....ကောင်းတဲ့သူအပေါ်အပြစ်လုပ်မိလို့ ပိုပြီးအပြစ်ရှိတယ်ခံစားရတယ်။
သူ့ကိုမြင်တိုင်း သူ့ရှေ့ရောက်တိုင်း အပြစ်ရှိတဲ့စိတ်နဲ့ သူ့ကို မကြည့်ရဲခဲ့ဘူး။....အဲ့တော့ သူ့ကိုရှောင်မိလာတယ်။
ကိုယ်ရှောင်တာကိုသိတော့ သူစိတ်မကောင်းဖြစ်ရတယ်။
အဲ့တော့ ကိုယ်က ပိုပြီးအပြစ်ရှိတယ် ခံစားရတယ်။
ဒီလိုနဲ့ဆက်တိုက်ကို အမှားလုပ်မိနေခဲ့တယ်။....သူ့အပေါ်အပြစ်လုပ်ထားမှန်းသိပေမယ့် ပိုပြီးအပြစ်ရှိတဲ့လမ်းကို ရွှေးချယ်ခဲ့တယ်။
ဒါက သူ့ကိုလုံးဝ အဆက်သွယ်ဖြတ်လိုက်တာပဲ။
သူကိုယ့်ကို စိတ်နာပါစေ မုန်းသွားပါစေ ကိုယ်ဒီလမ်းကိုပဲ ရွေးချယ်ခဲ့တယ်။
ဒါဟာ သူရောကိုယ်ပါ အကြာကြီး တနုံ့နုံ့ခံစားနေရမှာထက် တခါတည်းအသည်းတွေကွဲကြေလောက်တဲ့အထိ ခံစားပြီး တဖြေးဖြေးနဲ့အဆင်ပြေသွားမယ့်လမ်းပဲ။....ဒါဟာသူ့အတွက်ရော ကိုယ့်အတွက်ပါ ပိုကောင်းမယ့်လမ်းပဲလို့ ကိုယ်ပြောခဲ့တယ်။
ဒါပေမယ့် သိလား
ကိုယ်ပိုတကိုယ်ကောင်းဆန်မိခဲ့တာပါပဲ။
တကယ်က သူ့အတွက်ဒီလမ်းက ကောင်းမကောင်းထက် ကိုယ့်အတွက် အဆင်ပြေမယ့်လမ်းကို ရွေးခဲ့တာပါ။.....သူ့ကိုမြင်တိုင်း ခံစားရတဲ့ အပြစ်ရှိစိတ်ကို ကိုယ်မုန်းလာမိလို့။
ကိုယ်လွတ်လပ်ချင်မိလို့။
ကိုယ်လွတ်ချချင်မိလို့။.....ပြန်တွေးတိုင်း ကိုယ်အပြစ်ရှိတယ်ခံစားနေရတုန်းပါပဲ။
ဒါပေမယ့် ကိုယ်တကယ် လွတ်ချနိုင်ခဲ့တယ်။
အပြစ်ရှိတဲ့စိတ်ရှိနေတုန်းဆိုပေမယ့် အခြားအချိန်တွေမှာ ကိုယ်တကယ်လွတ်လပ်သွားတယ်။
ပိုရယ်မောနိုင်ခဲ့တယ်။.....အစမှာ ကိုယ် မရယ်နိုင် မငိုနိုင်ခဲ့ဘူး။
ကိုယ်ပျော်ရွင်နေတိုင်း အခြားသူအပေါ် မကောင်းတာလုပ်ထားပြီး
ကိုယ်မပျော်သင့်ဘူးဆိုပြီး တွေးမိတယ်။
ကိုယ်ငိုချင်တိုင်း အခြားသူအပေါ် မကောင်းတာလုပ်ထားပြီး ကိုယ်ငိုဖို့ အခွင့်ရေးမရှိဘူးလို့ သတ်မှတ်ခဲ့တယ်။
ဒီလိုအချိန်တြွေဖတ်သန်းလာပြီး ကိုယ့်ရင်ထဲမှာ ဒဏ်ရာက အမြဲသွေးစိမ်းရှင်ရှင် ထွက်နေတုန်းပါပဲ။....ခုတော့ ကိုယ် ကိုယ့်ကိုယ်ကို ခွင့်လွတ်ဖို့ရွေးချယ်ခဲ့တယ်။
ကိုယ် ပြုံးတယ်။ ဘာအပူပင်မှမရှိသလို ရယ်မောတယ်။
ဝမ်းနဲတယ်။ ငိုကြွေးတယ်။ တချို့အချိန်တွေမှာတိတ်ဆိတ်စွာ တစ်ယောက်တည်းဖြတ်သန်းတယ်။
တချို့အချိန်တွေမှာတော့ သူငယ်ချင်း၊မိသားစု၊ မိတ်ဆွေတွေနဲ့ ကိုယ်အလေးအနက်ထားပြီး အချိန်ဖြုန်းတယ်။ ကိုယ်လွတ်ချနိုင်ခဲ့ပြီ။
ကိုယ့်ကိုယ်ကို ခွင့်လွတ်နိုင်ခဲ့ပြီ။....ဒါပေမယ့် အပြစ်ရှိတဲ့စိတ်ကိုတော့ ကိုယ်လွတ်မချခဲ့ဘူး။
ဒီလိုအပြစ်ရှိတယ် ခံစားနေရတာကိုက ကိုယ်က လူကောင်းတစ်ယောက်မဟုတ်ပေမယ့် လူတစ်ယောက်ဖြစ်နေသေးတယ်လို့ ခံစားရလို့ပဲ။.....ကိုယ်နောက်ထပ် လမ်းတစ်ခုကို လျှောက်လှမ်းခဲ့တယ်။
ဒါက ကိုယ်ပိုပြီး ပြုံးဖို့၊ပိုရယ်မောဖို့ လမ်းပဲ။
ကိုယ်ပိုပြီး ပျော်ရင်၊ ပိုရယ်မောရင်၊ ငိုကြွေးနိုင်ခဲ့ရင်၊ ကိုယ့်ကိုယ်ကို ခွင့်လွတ်နိုင်ခဲ့ရင် ကိုယ်အရင်လိုအမှားမျိုးထပ်မလုပ်မိတော့ဘူးလို့ အပြည့်ဝယုံကြည်ခဲ့တယ်။....ဒီယုံကြည်မှုကလည်း ကိုယ့်ရဲ့အပြစ်ဒဏ်ပဲလို့ ခံယူထားတယ်။
ပိုပြီး ပြုံးဖို့၊ ပိုရယ်မောဖို့၊ငိုကြွေးနိုင်ဖို့ ၊ကိုယ့်ကိုယ်ကို ခွင့်လွတ်တတ်ဖို့၊ နောက်ထပ်အမှားတွေ ထပ်မလုပ်ဖို့၊ ပိုပြီးကောင်းတဲ့သူဖြစ်ဖို့....
ဒါဟာ ကိုယ် လုပ်ကိုလုပ်ရမယ့် အပြစ်ဒဏ်တခုပဲလို့ သတ်မှတ်ထားတယ်။........ကိုယ့်ရင်ထဲက ဒဏ်ရာက သွေးမထွက်တော့ဘူး။
ဒါပေမယ့် အမာရွတ်အနေနဲ့တော့ နှလုံးသားရဲ့ထောင့်တစ်နေရာမှာ ရှိနေတုန်းပဲ။....

YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Ngẫu nhiênစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......