"ဆေးရုံမှာ အခုခွဲစိတ်ခန်းထဲမှာ၊ ညကဗိုက်နာလို့သွားတာ ဟုတ်လား"
ရုတ်တရက်ကြားလိုက်ရသောအသံကြောင့် အိပ်နေရာမှပင် ထ ထိုင်မိလျှက်သားဖြစ်သွားသည်။ တခါမှ ဤကဲ့သို့ မဖြစ်ဘူးပေ။
ဆရာကြီး ပြောဖူးသည်များကိုသတိရမိသည်။"စာမေးပွဲအရှိန်ကြောင့် ရုတ်တရက် နိုးလိုက်တာနဲ့ ထထိုင်မိလျှက်သားဖြစ်သွားတယ်"ဟု ပြောသံများပင်ဖြစ်သည်။ ကျွန်ုပ်သည် စာမေးပွဲအရှိန်ကြီးသောလည်း နိုးလျှင် တခါမှ ရုတ်တရက်မထမိပေ။ ပေ၍သာအိပ်နေတတ်သည်။
၂၀၁၅ဖေဖော်ဝါရီလ၉ရက်နေ့ နံနက် ၆နာရီခွဲတွင် ဖုန်မြည်လာသည်။ ၁၀တန်းကျောင်းသားဖြစ်သော်လည်း နံနက်စောစောမထပေ။ ညဆိုလျှင်လည်း ၁၀နာရီထိုးတာနဲ့ အိပ်ရာပေါ်ရောက်ပြီးသားဖြစ်သည်။
အခြားကျောင်းသူ ကျောင်းသားများသည် ၁၀တန်းတွင် ဆံပင်ဖြီးချိန်မရှိ၍ ဆံပင်ကိုနားပေါ်ထိကွင်းကာ စစ်ကေပင်ညှပ်ထားတတ်ကြသည်။ ယခု ကျွန်ုပ်တွင်မူ အလှပြင်ချိန် အိပ်ချိန် ဆော့ကစားချိန် များပင် ရှိနေတတ်သည်။ ရုတ်တရက်မြည်သော ဖုန်းသံကြောင့် နိုးလာသည်။
"ဆေးရုံမှာ အခုခွဲစိတ်ခန်းထဲမှာ ညက ဗိုက်နာလို့သွားတာ ဟုတ်လား"
ဒီအသံများ ကြားသော်လည်း ရုတ်တရက်မအံ့ သြမိ။ ပြီးမှ ကျွန်ုပ်၏ အမတဝမ်းကွဲအကြောင်း ခေါင်းထဲ ပေါ်လာကာ ရုတ်တရက်ကြီး ထထိုင်မလျှက်ဖြစ်သွားခြင်း ဖြစ်သည်။ ကျွန်ုပ်သည် အမဖြစ်သူနှင့် အတူတူအိပ်ရသည်။ ထိုအမထံ ဖုန်းလာ၍ ဤစကားများကြားရခြင်းဖြစ်သည်။ ကျွန်န်ုပ် မေးလိုက်မိသည်။ "အမတဝမ်းကွဲလား"ဟုဖြစ်သည်။ အမကမူ ဖုန်းပြောရင်းပင် "အေးဟုတ်တယ်"ဟု ဖြေသည်။ ထိုအချိန်မှာပင် ကျွန်ုပ်၏ရင်ထဲတွင် ပျော်ရွှင်မှုများ ဝမ်းသာမှုများ တရိပ်ရိပ်တက်လာသည်။ ရွှေရင်မှာလည်း တဒိတ်ဒိတ်ခုန်နေသည်။အမတဝမ်းကွဲသည် ကျွန်ုပ်၏ တူလား တူမလား ကလေးတယောက်ကို ကိုယ်ဝင်ဆောင်ထားရသူဖြစ်သည်။
ဆေးရုံသွားရသည်မှာလဲ ကလေးမွေးဖွား၍ပင်ဖြစ်မည်ကို သိ၍ ကျွန်ုပ် ဝမ်းသာခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တောင် ယခုကဲ့သို့ ဝမ်းပန်းတသာြုဖစ်နေလျှင် အမတကွမ်းကွဲ၏ ခင်ပွန်းဖြစ်သူဆိုလျှင် မည်မျှထိ ပျော်ရွှင် ဝမ်းသာနေလိမ့်မည်နည်း။ ကျွန်ုပ်သည် ယခုချက်ချင်းပင် အမတဝမ်းကွဲဆီသို့ ပြောကာသွားလိုက်ချင်မိသည်။ကလေးလေးကို အပြေးကြည့်ချင်မိသည်။သို့သော် ၁၀တန်းကျောင်းသားမို့ မသွား၍မရပေ။ မနက်မိုးလင်း၍ ကျွနုပ် ကျောင်းသွားရသည်။ ကျောင်းသို့ ရောက်သော်လည်း ကျွန်ုပ်၏စိတ်များသည် ကလေးမွေးဖွားရာ ဌာနသို့သာရောက်နေသည်။ ကံကောင်းသည်ဟုဆိုရမှာပင် ယနေ့ ကျောင်းစောစောဆင်းခဲ့သည်။
အိမ်ရောက်လျှင်ရောက်ချင်းအမတဝမ်းကွဲအကြောင်းမေးမိသည်။ အမကပင် "အမတဝမ်းကွဲခွဲမွေးခဲ့ရကြောင်း ခင်ပွန်းဖြစ်သူက ဝမ်းသာအားရနှင့် မွေးပြီဟေ့ မိန်းကလေးဟ ဟု အားရပါးရပြောကြောင်း" ပြောပြပါသည်။ထိုစကားကြားရသောအခါ ကျွန်ုပ်ရင်ထဲ အေးမြကာဘပျော်ရွှင်မှုတွေ ပီတိဖြာခဲ့ရသည်။ဗိုလ်ချုပ်အောင်ဆန်း နှစ်၁၀၀ပြည့်မွေးနေ့တွင် ကျောင်းကော ကျူရှင်ပါပိတ်မည် ထို့နေ့တွင် အမတဝမ်းကွဲထံသို့သွားကာ တူမလေးကို အားရပါးရ ကြည့်မည်ဟု အားခဲလိုက်မိသည်။ ထို့နေ့ညတွင် ပျော်ရွှင်မှုနှင့်အတူ ကျွနုပ်အိပ်စက်ရန် အိပ်ရာောစစောဝင်ခဲ့သည်။ ရင်ထဲတွင် ပီတိဖြာနေသည်။ ထိုအချိန်တွင် ကျွန်ုပ်ခေါင်းထဲသို့ အတွေးတခု ဝင်လာသည်။ ကျွန်ုပ်ကိုမွေးဖွားပေးခဲ့သော အဖေ နှင့်အမေအကြောင်းပင်ဖြစ်သည်။အမေသည် ကျွန်ုပ် ကိုယ်ဝင်ဆောင်စဉ်ကတည်းကပင် ဒုက္ခများခံရပေမည်။ အစေားအသောက် အနေအထိုင်ကစ ဆင်ဆင်ခြင်ခြင် နေရပေမည်။ မွေးဖွားသောအခါတွင်လည်း အသက်ကို ပဓာနမထား သေမင်းကိုအံတုကာ ကျွန်ုပ်ကို လောကကြီးထဲ ရောက်အောင် အားတင်းကာ မွေးဖွားခဲ့ရသည်။ ကလေးတယောက် လူလားမြောက်အောင် ပြုစုပျိုးထောင်သော အလုပ်သည် လွယ်ကူသော ကိစ္စမဟုတ်။အစစအရာရာ သတိကြီးစွာထားရသည်။သည်းခံရသည်။ ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ရသည်။ သို့သော်လည်း မိခင်မေတ္တာကြီးမားသောကြောင့် ဤအမှုများကို ဂရုမပြုမိပေ။
ကျွန်ုပ်၏ဖခင်သည်လည်း ကျွန်ုပ်မွေးသောအချိန်၌ မည်ကဲ့သို့ ခံစားရမည်နည်း။ ပျော်ရွှင်မှုနှင့်အတူ ရင်တဒိတ်ဒိတ်တုန်နေလိမ့်မည်။ ဇနီးဖြစ်သောကော ကလေးကောအတွက်ပါ ပူပန်ကြောင့်ကျဖြစ်နေလိမ့်မည်။ ရသမျှဘုရားစာကို ရှေ့နောက်မမှန် မှတ်မိသမျှ ရောက်တက်ရာရာရွတ်ဆိုနေလိမ့်မည်။ထို့သို့ရွတ်ဆိုနေသော်လည်း အဖေသည် ကျွနုပ်ကိုမွေးဖွားပေးနေသော ကျွန်ုပ်၏မိခင်နှင့် ကျွန်ုပ်ထံတွင်သာရောက်ရှိနေပေလိမ့်မည်။ ကျွန်ုပ်ကိုမွေးဖွားပြီးသောအခုတွင်လည်း ပိတိစိတ်တွေ ဝေဖြာကာ ကျွန်ုပ်ကိုပွေ့ချီနေလိမ့်မည်။ အဖေ့၏ ရင်ထဲတွင် ပြောမပြနိုင်လောက်အောင် ပီတိတွေဝေဖြာကာ ပျော်ရွှင်မှုနှင့်အတူ ပါးစပ်ကလည်း ပြန်မစိနိုင်လောက်အောင် ပြုံးစိစိဖြစ်နေလိမ့်မည်။က်ျန်ုပ်ကိုပွေ့ချီကာ "ငါ့သမီးလေးက အဖေတို့ရည်မှန်းချက်ကိုဖြည့်ဆည်းပေးမှာ၊ငါတို့ ဒီသမီးလေးကိုအားကိုးရမှာ၊ ငါတို့သမီးက အရမ်းလိမ္မာပြိး သမီးကောင်းလေးဖြစ်မှာဟ" လို့ ဇနီးဖြစ်သူကိုပြောပြောပြီး ဝမ်းသာပိတိဖြာနေလိမ့်မည်။
"မိဘမေတ္တာသည် ကြီးမားကျယ်ပြန့်လွန်းလှပါသည်။(၁၀တန်းတုန်းက ရင်ထဲဖြစ်ပေါ်နေသော ခံစားချက်အစစ်အမှန်လေးကို စားသားအဖြစ်ပြောင်းကာ ပြန်လည်ကြည်နူးမိစေရန် ရေသားမိခြင်းဖြစ်ပါသည်။) #violet dream#
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Ngẫu nhiênစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......