သွားလည်း ဒီစိတ် စားလည်းဒီစိတ်ဆိုသလို
ကျွန်တော်ဒီရက်ပိုင်းအတွင်း မျက်နှာကြီး ပြုံးဖြီးပြီး
တယောက်တည်း ရူးနေပါတယ်။ မနက်မိုးလင်းလို့ 
မနက်စာစားရင်းလဲ တခုခုကိုတွေးပြီး ကျေနပ်ပီတိတွေဖြစ်နေပါတယ်။
မသိရင် မနေ့က ကမ္ဘာကြီးကို ကယ်တင်ထားတဲ့သူလိုလို အကြီးကျယ်အပြောက်မြောက်ဆုံးလက်ရာတခုကို ဖန်တီးထားသူလိုလို မြောက်ကြွကြွနဲ့ အပျော်မဆုံး တပြုံးပြုံး ဖြစ်နေပါတယ်။အကြောင်းကတော့ ဖတ်မည့်သူ အမာခံ ပရိတ်သတ်တယောက်ပဲရှိတဲ့ ကျွန်တော်ရေးတဲ့ ficတပုဒ်ကြောင့်ပဲ
ဖြစ်ပါတယ်။တရုတ်ဘာသာပြန် ficတွေဖတ်ပြီး စိတ်ကူးတွေလျှောက်ယဉ်ပြီး ရေးထားတဲ့ စိတ်ကူးသက်သက် ficလေး Violet Angel ကြောင့်ပေါ့။စကားလုံးမကြွယ်ဝတာရယ်၊
ရေးချင်တဲ့အကြောင်းအရာရဲ့ အသိပညာ ဗဟုသုတ မရှိတာရယ်ကြောင့် ဒီ ficလေး က ၁၀၀ဖိုး ၃ပုဒ်တန်ထဲ ပါတယ်ဆိုရင်တောင် ကျွန်တော့အတွက် ဂုဏ်ယူလို့ မဆုံးပါဘူး။ဟုတ်တယ်လေ ၁၀၀ ဖိုး ၃ပုဒ်ဆိုရင် ကျွန်တော်ရေးတဲ့စာက ၃၅ကျပ်လောက် တန်သေးတာပဲ။
အနဲဆုံးတော့ တန်ဖိုးတခုရှိလို့ ပျော်မိတာပေါ့။အခုဆို တရက်ခြား တပိုင်း အနေနဲ့ရေးတာ
၃ပိုင်းကြီးများတောင် ရောက်နေပါပြီ။အရေးအသားပြောင်မြောက်လှတဲ့
author တွေရဲ့ fic ကိုတွေ့ ရင် ဖတ်ချင်လွန်းတဲ့စိတ်ကိုကျော်လွန်ပြီး မနာလိုလွန်းလို့  မကြည့်ချင်မိတဲ့အထိ
author တွေရဲ့ စာအရေးအသားကို သဘောကျသူဖြစ်ပါတယ်။အသေးစိတ်အနုစိတ်ဆိုရင် မျဉ်းတကြောင်းတောင် ဖြောင့်ဖြောင့်မဆွဲနိုင်တဲ့ ကျွန်တော်က အပိုင်း ၃ပိုင်း စာလုံးရေ ၁သောင်းကျော် ရေးတာတောင်
စဉ်းစားထားတဲ့ ဇာတ်ဝင်ခန်း တခန်း အစလေးပဲ ရှိသေးတာမို့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ပြီး
နှလုံးပီတိဖြစ်ပြီး အကျေနပ်ကြီး ကျေနပ်နေပါတယ်။စီစဉ် plotချထားခြင်းမရှိဘဲ စိတ်ကူးသက်သက် လက်တန်းချရေးတာမို့ အပိုင်းတပိုင်းရေးဖို့  တနေကုန်နီးပါး အချိန်ပေးရပါတယ်။ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ လက်တန်းချရေးတာကြောင့်လည်း စကားလုံးတလုံးရေးဖို့ တော်တော်ကြီးကို စဉ်းစားရေးရပါတယ်။
ငွေရောင်ဆံပင်ဆိုးချင်နေတဲ့ ကျွန်တော်ဟာ ပိုက်ဆံပေး ဆံပင်အရောင်ဆိုးစရာမလိုအောင်ကို စဉ်းစားရလွန်းလို့ ဆံပင်ဖြူတော့မတတ်ပါဘဲ။သူများတွေအတွက် ဖတ်ရတာ ဘာရသမှမပေးနိုင်ဘူးဆိုရင်တောင် ကျွန်တော့်အတွက်တော့ မနက်မိုးလင်းလို့ မျက်လုံးပွင့်တဲ့အခါ ညကတင်ထားတဲ့ လောလောလတ်လတ် fic တပိုင်း အကြောင်းတွေးပြီး
နှုတ်ခမ်းစွန်းတို့ ကော့ညွတ်တက်ရပါတယ်။
![](https://img.wattpad.com/cover/143280368-288-k213615.jpg)
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Randomစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......