စိတ်ဝိဥာဏ်တွေ ဘာတခုမှ မကျန်တော့လောက်အောင် ပျက်စီးဆုံးရှုံးသွားပြီဆိုတဲ့အချိန်ရောက်မှ
ထူးဆန်းစွာနဲ့ ကိုယ့်ရဲ့ စိတ်ဝိဉာဏ်ကို ပြန်ရှာတွေ့ တယ်။လူတွေသိတဲ့ ကိုယ့်ရဲ့အစစ်မှန်လောကထဲမှာ ကိုယ်ကအစစ်မှန်ဖြစ်နေပေမယ့်
မျက်နှာဖုံးပေါင်းများစွာ ၀တ်ဆင်ထားတဲ့ အစစ်မှန်ဆုံးသောအတုယောင်တစ်ယောက် ဖြစ်နေတယ်။ဘယ်သူမှမသိတဲ့ ကိုယ့်ရဲ့အတုယောင်လောကထဲမှာတော့ ကိုယ်ကအတုယောင်ဆိုပေမယ့် ဘယ်မျက်နှာဖုံးမှ ၀တ်စရာမလိုတဲ့ အစစ်မှန်ဆုံးကိုယ် ဖြစ်နေတယ်။
တခါတလေမှာ ဘယ်သူမှမသိတဲ့ ကိုယ့်ရဲ့ အတုယောင်ဖြစ်တဲ့အစစ်မှန်ဆုံးသော ဘ၀မှာနေရတာ တကယ်လွတ်လပ်တယ်။
စစ်မှန်တဲ့ကိုယ်နဲ့မျက်နှာဖုံးအတုယောင်ဘ၀မှာ နေရတာတော့ တကယ်ပင်ပန်းတယ်။လူတိုင်းမှာ မျက်နှာဖုံးများစွာရှိတယ်။
မျက်နှာဖုံးဝတ်ထားတဲ့ဘ၀ကိုပဲ ကိုယ့်ကို လူတွေကသိကြတယ်။မျက်နှာဖုံးမတပ်ထားတဲ့ ကိုယ့်ရဲ့စစ်မှန်ဆုံးဘ၀မှာတော့ ကိုယ်ကိုယ်တိုင်ကလွဲပြီး ကိုယ့်ကိုဘယ်သုမှမသိကြဘူး။
အထီးကျန်ခြင်းကော်ဖီခါးခါးကို သောက်နေတဲ့အချိန်မှာ ခါးသက်မှုအရသာကို ခံစားရပေမယ့် အထီးကျန်ခြင်းက်ာဖီရဲ့ အနှစ်သာရကိုတော့ ပြည့်ပြည့်၀၀ ခံစားရတယ်။
ဝမ်းနြဲခင်းကော်ဖီတခွက်သောက်နေချိန်မှာ ပျော်ရွှင်ခြင်းကော်ဖီကို သောက်ဖို့မေ့နေတာမျိုးပေါ့။
#Shin
#11May2020
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Randomစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......