#I am real man #

11 0 0
                                    

I am real man ☺ ☺ ☺

Accessory အ​သေးမွှား​လေးပင်​ဖြစ်​​စေကာမူ
တန်​ဖိုးမည်​မျှပင်​ နဲ​စေကာမူ သ​ဘောကျတတ်​​သောကျွန်​​တော်​။ ရှုတ်​ရှုတ်​ရှပ်​ရှပ်​ accessories ​တွေ ဆို ရှုတ်​ရှပ်​ခတ်​​လေ ပိုကြိုက်​​လေ ဆို​အောင်​ထိ ကျွန်​​တော်​ကြိုက်​တယ်​။

ဒီ​နေ့အထိ ကျွန်​​တော်​ ရှုတ်​ရှုတ်​ရှပ်​ရှပ်​ Accessories ​တွေ ကြိုက်​တုန်း​ပါဘဲ။ ဒါ​ပေမယ့်​ ယခု အရင်​နဲ့ မတူ​တော့တာက​တော့ ကျွန်​​တော့ရဲ့ အရိုးများ​ပေါ်​နေတဲ့လက်​ပိန်​ပိန်​မှာ ရှုတ်​ရှုတ်​ရှပ်​ရှပ်​ Accessories ထက်​ ရိုးရိုးရှင်းရှင်း နာရီ တလုံးကိုသာ ပတ်​ချင်​တဲ့ ဆန္ဒဖြစ်​မိတာပါပဲ။

ဆို​တော့ ကျွန်​​တော့ရဲ့ ဝသီအတိုင်း နာရီအိုးခပ်​ကြီးကြီး
မှန်​သမျှ  fb​ပေါ်လိုက်​ရှာပါ​​တော့တယ်​။
အထူးသဖြင့်​ အိုးကြီးကြီး ခပ်​ရှင်းရှင်း ခရမ်း​ရောင်​ နာရီ​ကို အထိကလိုက်​ရှာဖြစ်​တာ​ပေါ့။ နာရီ​ပေါင်းမျိုးစုံ​အောင်​ အ​ရေမတွက်​​နိုင်​​အောင်​ ကျွန်​​တော်​​တွေ့ခဲ့တယ်​။
ကျွန်​​တောကြိုက်​တဲ့ နာရီ​တွေကလည်း မ​ရေမတွက်​ နိုင်​​အောင်​ပါပဲ။

ဒါမယ့်​ ကျွန်​​တော်​ နာရီပုံ တပုံ​လေး​တောင်​ gallery ထဲ မ save ဖြစ်​ပါဘူး။ ကျွန်​​တော်​ ခု ​လော​လောဆယ်​ ၃၅၀၀ တန်​ နာရီတလုံး​တောင်​ မဝယ်​နိုင်​မှန်းသိတာမို့
ကျွန်​​တော့်​ရဲ့ လိုချင်​စိတ်​ကို မချုပ်​တီးနိုင်​မှန်းသိတာ​ကြောင့်​ ကျွန်​​တော်​ကျင့်​သုံးတဲ့ လစ်​လျူရှုနည်း ကို ကျင့်​သုံးလိုက်​ပါတယ်​။ကျွန်​​တော်​အရမ်းလိုချင်​​ပေမယ့်​ မရနိုင်​​သေးတာဆိုရင်​ ကျွန်​​တော်​ ဒီနည်းသုံးပြီး​တော့ပဲ စိတ်​ကို ​ဖြေ​ဖြောက်​ပါတယ်​။

ဥပမာ ကျွန်​​တော်​ အခု နာရီတလုံးလိုချင်​​နေတယ်​။
ကျွန်​​တော်​ နာရီနဲ့ပက်​သက်​သမျှ အမျိုးအစား ဒီဇိုင်းကာလာ ​ဈေးနှုန်း စုံ​အောင်​ကို လိုင်း​ပေါ်က​နေ မရမကလိုက်​ရှာပါတယ်​။မ​ရေမတွက်​နိုင်​​အောင်​လဲ အကြိုက်​​တွေ့တာ​တွေများပါတယ်​။သည်းမခံနိုင်​​လောက်​​အောင်​လဲ လိုချင်​စိတ်​​တွေ ဖြစ်​မိပါတယ်​။
မျက်​စိ​ညောင်း​လောက်​​အောင်​ထိ ဆက်​တိုက်​ရှာ​ဖွေကြည့်​ပါတယ်​။ပြီး အချိန်​တခု​လောက်​ ကြာတဲ့အခါ ကျွန်​​တော်​ ​ရှာ​နေတာကို ရပ်​လိုက်​ပါတယ်​။ ကျွန်​​တော်​ရှာ​ဖွေတာကို ​ဖော်​ပြတဲ့ Research က recent ​တွေကို အကုန်​ရှင်းလင်းလိုက်​ပါတယ်​။ like လုပ်​ထားသမျှ နာရီဆိုင်​​ပေ့​တွေကိုလည်း like လိုက်​ဖြုတ်​ပါတယ်​။ save ခဲ့ဖူးတဲ့ နာရီပုံ မှန်​သမျှကိုလည်း အကုန်​လိုက်​ဖြတ်​ပါတယ်​။ဘယ်​တုန်းကမှ နာရီပုံမရှာခဲ့ဖူးသလို
ဟန်​​ဆောင်​​နေလိုက်​ပြီး နာရီအ​ကြောင်း လုံးဝမ​တွေးဖြစ်​​အောင်​ အခြားစိတ်​ဝင်​စားရာ ဝတ္ထုဖတ်​တာဖြစ်​ဖြစ်​ လုပ်​​နေလိုက်​ပါတယ်​။စိတ်​ကအခြားအရာ​ပေါ်​ရောက်​​နေတဲ့အခါ အရင်​ကဖြစ်​ခဲ့တာကို​မေ့သွားပါတယ်​။အခန့်​မသင့်​လို့  fbသုံးရင်း လိုချင်​တဲ့နာရီပုံ​ ရုတ်​တရက်​ တွေ့တဲ့အခါမှာလည်း ​သေချာကြည့်​မ​နေ​တော့ဘဲ ဘယ်​တူန်းကမှ နာရီကို မစွဲလမ်းသလို လုပ်​ကာ ​​ကျော်​လိုက်​ပါတယ်​။
ဒီလိုနည်းနဲ့ လစ်​လျူရှုလိုက်​တာက ကျွန်​​တော့စိတ်​ကို အချိန်​အကြာကြီးစွဲလမ်းမ​နေ​စေဖို့ အ​ကောင်းဆုံးနည်းပါပဲ။

ခရမ်း​ရောင်​ ခံစားချက်​များWhere stories live. Discover now