ပီတိအပြုံးနဲ့အတူ ဝမ်းနည်းမှု ဝမ်းသာမှုတို့ပေါင်းစပ်ထားတဲ့ မျော်လင့်ချက်အလင်းရောင်လေး တစတစကနေ မြင်းမိုရ်တောင်လောက်ထိ ကြီးမားလာတယ်။
လမ်းမလျှောက်တတ် စကားမပြောတတ် ကျန်းမာရေးချူချာတဲ့
အသက် ၃နှစ်တောင်ကျော်ပြီဖြစ်တဲ့သမီးလေး
အခု မျက်စိရှေ့တင် မျက်မျင်ကိုယ်တွေ့ စကားပြောတော့မယ်ဆိုတဲ့အသိ
လမ်တွေချက်ချင်းထလျှောက်တော့မယ်ဆိုတဲ့ အသိ
မျော်လင့်ခြင်းများစွာနဲ့ကြည့်နေတဲ့ ကြင်နာတဲ့ မျက်ဝန်းတစုံ
မျက်ဝန်းထဲမှာလည်း မျက်ရည်စများ စိုစွတ်နေတယ်။
တကယ်ဖြစ်မဖြစ် စဉ်းစားမနေတော့ပဲ တကယ်ဖြစ်မယ်လို့ပဲ
တထစ်ချ ယုံကြည်နေတဲ့ မိခင်တယောက်
သမီးလေး ချူချာလွန်းလို့
အိပ်ရေးပျက်ခဲ့ရတဲ့ ညပေါင်းများစွာကို ခါးစည်းခံရင်း
ကျန်မာရေးမကောင်းရင် သမီးလေးကို မကြည့်ရက်
သမီးလေးအစား သူပဲ ခံစားလိုက်ချင်တော့တဲ့မိခင်
အစားအသောက် ရွေးလွန်းတဲ့သမီးလေးကိုချော့မော့ကျွေးရင်းနဲ့
သမီးလေး ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်နေတာကိုမြင်ချင်တဲ့မိခင်
အခု သမီးလေးကျန်းကျန်းမာမာနဲ့ စကားပြော လမ်စလျှောက်တော့မယ်ဆိုတဲ့ မျော်လင့်ချက်ပေါင်းများစွာနဲ့
တယုတယ သမီးလေးကိုကြည့်နေတဲ့ မိခင်ရဲ့ မျက်ဝန်း
အို..... မှော်ဆန်လွန်းလှတဲ့ဒီမျက်ဝန်း၊
ဒီမျက်ဝန်းကိုတသက်မေ့နိုင်မယ်မထင်တော့ပါဘူး
#violet dream#
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Randomစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......