ခရမ်းချဉ်သီး ကိုငါမကြိုက်ပေမယ့်
လက်ဖက်သုတ်ထဲက ခရမ်းချဉ်သီးစိမ်းကို ငါကြိုက်တယ်ကြက်သွန်နီကို ငါနဲနဲလေးမှ မစားနိုင်ပေမယ့်
ကြွပ်ကြွပ်ကြော်ထားတဲ့ ကြက်သွန်ကြော်ကို ငါကြိုက်တယ်ဲကြက်သွန်ဖြူကို ကြိုက်တဲ့ တဖက်မှာ
ကြက်သွန်ဖြူကြော်ကို ငါပါးစပ်ထဲ ထည့်လို့်တောင် မရခဲ့ဘူးကြက်သွန်မိတ်တွေ နံနံတွေ ငါအရမ်းမုန်းပေးမယ့်
ပူစီနံ အမွှေးရနံ့ကို ငါအရမ်းကြိုက်နေမိတယ်တမာရွက်ရဲ့ ခါးသက်မှုကို ငါ နှစ်ချိုက်နေချိန်မှာ
ကြက်ဟင်းခါးသီး ကို ငါ လှည့်တောင် မကြည့်ခဲ့ဘူးLavender ပန်းရနံ့ကို ငါနှစ်သက်ပေမယ့်
ရေမွှေးနံ့တွေကို ငါမခံနိုင်ခဲ့ဘူးအဲ့လိုပဲ တစ်မအေထဲကမွေးပေမယ့်
မင်းနဲ့တူတဲ့ မင်းအကိုကို ငါမကြိုက်ဘူး
မင်းဆိုတဲ့(လန်ကျန်း) မင်းရဲ့ ဖြစ်တည်မှုလေးကိုပဲ ငါနှစ်သက်မြတ်နိုးမိတာပါ
YOU ARE READING
ခရမ်းရောင် ခံစားချက်များ
Randomစိတ်ခံစားမှုတွေ ပြင်းထန်ချိန် ဖြစ်ပေါ်လာသော ရူးကြောင်ကြောင်ရင်တွင်းစကား.......