#နောင်တ မဟုတ်သော#

453 10 5
                                    

သေသင့်တယ်.....
‎လောကကြီးထဲကနေ ပြောက်ကွယ်သွားဖို့တောင်မသင့်ဘူး
‎ကိုယ်လွတ်ရုံးသလိုဖြစ်နေလို့ ...
‎ဟိုး....ရင်ဘက်အတွင်းဆုံးနေရာကနေထိ
‎ပူလောင်မှုတွေ မခံစားနိုင်လောက်အောင် နာကျင်ခြင်းတွေကို
‎ရင်နှင့်တမျှ တမြေ့မြေ့ တဆွေးဆွေးနဲ့ကို ခံစားသင့်တယ်
‎ဘယ်တော့မှ မပြေနိုင်သော ခွင့်မလွတ်ခြင်းတွေ အမုန်းတရားတွေ နောင်တတွေနဲ့ 
‎တဟူန်းဟုန်းတောက်လောင်နေတဲ့ မီးလို
‎အမြဲပူလောင်ခံစားသင့်တယ်
‎ငါက ခွင့်လွတ်ဖို့ ကို တောင်းခံဖို့ကော သင့်ရဲ့လား
‎ငါလောက် မိုက်ရိုင်းသူ
‎ငါလောက် တကိုယ်ကောင်းဆန်သူ
‎ငါလောက် ယုတ်မာသူ
‎ငါလောက် ကောက်ကျစ်သူ
‎ငါလောက် ချစ်ရသူတွေကို နာကျင်စေသူ
‎ငါလောက် ငါ့နားကလူတွေကို မျက်ရည်ကျစေသူ
‎ငါလောက် နာကျင်မှုတွေ အမုန်းတွေကို ခံရသင့်သူ ဒီကမ္ဘာမှာရှိပါဦးမလား
‎မကြည့်ရဲဘူး နင်တို့ မျက်နှာတွေ
‎ငါချစ်ခင်ရသူတွေရဲ့ မျက်နှာတွေကို
‎မကြားရဲဘူး နင်တို့ ပြောလာမယ့် အားပေးစကားကို
‎ခွန်အားလား... ဘာကိုမှတုန့်ပြန်နိုင်တဲ့ခွန်အား ငါ့မှာတစက်မှမရှိတော့ဘူး
‎ငါ့ရဲ့ မျက်ရည်တွေက ငါ့အပြစ်တွေကို
‎ဆေးကြောပြစ်နိုင်ရင် ဘယ်လောက်ကောင်းမလဲနော်
‎အသုံးမကျတဲ့ မျက်ရည်တွေပဲ
‎တားစီးမရအောင် ယိုထွက်ကျလာပေမယ့်
‎နှလုံးသားထဲက နာကျင်ခြင်းတွေကတော့
တစက်မှ မလျော့တဲ့အပြင် ပိုပိုတိုးလာတာတော့ ခက်တယ်
‎ငါလုံးဝ ‎မမြင်ချင်ဘူး ငါ လုံးဝမကြားချင်ဘူး
‎အမေ့ရဲ့ ငိုသက်စွက်တဲ့ အားပေးစကားနဲ့ 
‎အမေ့ရဲ့  ၀မ်းနဲနေတဲ့ မျက်လုံးတွေကို
ငါကအဖေ့ရဲ့ အားပေးစကားကြားရဖို့ ရော ထိုက်တန်ရဲ့ လား
‎တစက်မှ မရှိတော့တဲ့ ခွန်အားလက်ကျန်တွေနဲ့ 
‎နာကျင်နေတဲ့နှလုံးသားတစုံက
‎အမေ့အသံကြားရုံ အမေ့မျက်လုံးမြင်ရုံ အဖေ့စကားကြားရုံနဲ့ 
‎ကိုယ့်ကိုကို ခွင့်မလွတ်နိုင်သော နောင်တတွေနဲ့ 
‎ပျော်ရွှင်ဖို့ မထိုက်တန်သော လူတယောက်အဖြစ် သတ်မှတ်လိုက်ပါပြီ
‎ငါ့မှာရော အခွင့်ရေးရှိသေးရဲ့ လား
‎နင်တို့တွေ ငါချစ်ခင်ရသူတွေနဲ့ 
‎အတူတူရယ်မောဖို့ 
‎အတူတူ လက်တွဲလျှောက်ဖို့ 
‎အတူတူ ငိုကြွေးဖို့ 
‎ငါ့ရင်ထဲအစစ်မှန်ရှိသူကလွဲလို့ 
‎အခြားသူတွေကို စကားပြောဖို့ 
‎သတ္တိနဲ့ ခွန်အား နဲလွန်းတဲ့ ငါက
‎အခုငါ့ရင်ထဲက ချစ်ခင်ရသူတွေကိုတောင်
‎စကားပြောဖို့  ငါဘယ်သတ္တိ ဘယ်ခွန်အား
‎ဘယ်မျက်နှာနဲ့ ရင်ဆိုင်ရမလဲ

ခရမ်း​ရောင်​ ခံစားချက်​များWhere stories live. Discover now